Thursday, April 12, 2018

မြန်မာနိုင်ငံရှိ တံတားများ၏ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုဆို


မြန်မာနိုင်ငံရှိ တံတားများ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဦးသန်းဆွေ(အင်ဂျင်နီယာချုပ်၊ တံတားဦးစီးဌာန(ငြိမ်း) ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ ဧပြီလ ၁၁ ရက်တွင် လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် အင်ဂျင်နီယာဖိုရမ်၌ ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြောင်းမြတံတားပြိုကျသွားမှ တံတားတွေရဲ့ ကြံ့ခိုင်မှုကို လိုက်စစ်ဆေးတာ မဟုတ်ပါဘူး။ ကျွန်တော် တံတားဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း တံတားတွေရဲ့ ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးတာတွေ လုပ်ပါတယ်။ 

မြောင်းမြတံတားပြိုကျသွားတာလည်း တံတားသက်တမ်းက ပြည့်နေသလို တန်ပိုတင်ဆောင်တာတွေကြောင့်လည်း ပါပါတယ်။ တံတားတွေရဲ့ထိပ်မှာ တန်ချိန်ကို ချိန်တဲ့ ကတ္တားတွေ ထားပေးပါတယ်။ ပြည်သူတွေ အနေနဲ့လည်း တံတားပေါ်ကို ဖြတ်သန်းတော့မယ်ဆိုရင် သတ်မှတ်ထားတဲ့ တန်ချိန်အတိုင်းဘဲ တင်ဆောင်တာ အကောင်းဆုံးပါ ” ဟု ဦးသန်းဆွေ က ပြောသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် အင်ဂျင်နီယာဖိုရမ်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဦးသန်းဆွေ(အင်ဂျင်နီယာချုပ်၊ တံတားဦးစီးဌာန(ငြိမ်း)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) က Inspection and Maintennance of Bridge ဟူသော ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း၊ ဒေါက်တာ ဥာဏ်မြင့်ကျော်(ပါမောက္ခ၊ ဌာနမှူး၊ မြို့ပြအင်ဂျင်နီယာဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်) မှ Prediction of Atmospheric Corrosion Rate for Structural Steel in Myanmar ဟူသော ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြားခြင်း၊ ဦးတင်စိုး(အင်ဂျင်နီယာချုပ်၊ မြို့ပြ(ငြိမ်း)၊ မြန်မာ့မီးရထား) မှ Maintenance pf Railway Bridge and Production of Pretensioned Girder ဟူသော ခေါင်းစဉ်တို့ဖြင့် စာတမ်းဖတ်ကြားခဲ့ကြောင်း သိရသည်။

အောင်သူရိန် 
အကုန်သိ သတင်းဌာန 

0 comments:

Post a Comment