Thursday, April 12, 2018

အ၀တ်ဗလာပုံများဖြင့် ခြိမ်းခြောက်ငွေညှစ်နေသည့် တရုတ်နိုင်ငံသား ၁၀၀ နီးပါးပါ အင်တာနက်ရာဇ၀တ်ဂိုဏ်းကို ကမ္ဘောဒီးယားက နယ်နှင်ဒဏ်ပေး


အင်တာနက်ပေါ်မှာ ဂိုဏ်းဖွဲ့ ပြီး တရုတ်နိုင်ငံမှာရှိသူတွေကို ငွေညှစ်နေကြတဲ့ တရုတ်နိုင်ငံသား ၁၀၀ နီးပါးကို ကမ္ဘောဒီးယားက ဧပြီ ၁၁ ရက်နေ့ မှာ နယ်နှင်ဒဏ်ပေးခဲ့တယ်လို့  ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဋ္ဌာန ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုပါတယ်။

အမျိုးသမီး ၁၅ ဦးအပါအ၀င် တရုတ်နိုင်ငံသား ၈၉ ဦးကို တရုတ်အစိုးရက စေလွှတ်ပေးခဲ့တဲ့ လေယာဉ်နှစ်စင်းနဲ့  ဖနွမ်ပင်မြို့ တော်လေဆိပ်ကနေ ပြန်နှင်လွှတ်ခဲ့ကြောင်း လူဝင်မှုစုံစမ်းစစ်ဆေးရေးဗျူရို အကြီးအကဲ ဂျန်အွတ်ဟိုင်ဆယ်လာက ပြောဆိုခဲ့ပါတယ်။ ဒီဂိုဏ်းအဖွဲ့ ဟာ တရုတ်နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေကို လူမှုကွန်ရက်ကနေ ချိတ်ဆက်ကြပြီး အ၀တ်ဗလာပုံတွေ ဒါမှမဟုတ် လိင်အသားပေး ဓါတ်ပုံတွေ ပေးပို့ ဖို့  လှည့်ဖြားအယုံသွင်းကြကြောင်း၊ အဲဒီနောက် ဒီဓါတ်ပုံတွေကို အွန်လိုင်းမှာ ဖြန့် ဝေမယ်လို့  ခြိမ်းခြောက်ကာ ဒီအမျိုးသမီးတွေထံက ငွေညှစ်ကြကြောင်း ၄င်းက ပြောဆိုပါတယ်။ ဒီကိစ္စကို ရဲတပ်ဖွဲ့ က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့တဲ့လမှာ ယင်းဂိုဏ်းအဖွဲ့ ဝင်တွေကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံက အွန်လိုင်းရာဇ၀တ်ဂိုဏ်းတွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နေထိုင်ကာ တရုတ်ပြည်မကြီးက လူတွေကို ပစ်မှတ်ထားပြီး အခုလိုအမှုတွေကျူးလွန်နေကြပြီး အရှေ့ တောင်အာရှနိုင်ငံတွေအများစုမှာ ဒီလိုလုပ်ကိုင်ဆောင်ရွက်နေကြတာကို အတွေ့ ရများပါတယ်။ ၂၀၁၂ ခုနှစ်ကလည်း အခုလိုပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ တရုတ်နဲ့ ထိုင်ဝမ်ဒေသခံ ၁၀၀၀ ထက်မနည်းကို ကမ္ဘောဒီးယားအစိုးရက တရုတ်နိုင်ငံကို နယ်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။

Ref: ဘန်ကောက်ပို့ စ်
ကိုလင်း
အကုန်သိ သတင်းဌာန 

0 comments:

Post a Comment