Thursday, April 12, 2018

သင်္ကြန်ကာလအတွင်းစက်သုံးဆီဈေးများတိုးမြှင့်ရောင်းချခြင်းမပြုရန်နှင့်ဓာတ်ဆီဂါလံ(၃)သန်းကိုဈေးကွက်အတွင်းဖြည့်ဆည်းရောင်းချပေးရန်စီးပွားကူးသန်းဝန်ကြီးမှာကြား


သင်္ကြန်ကာလအတွင်းစက်သုံးဆီဈေးနှုန်းများတိုးမြှင့်ရောင်းချခြင်းမပြုရန်နှင့်ဓာတ်ဆီဂါလံ(၃သန်းကိုဈေးကွက်အတွင်းဖြည့်ဆည်းရောင်းချ ပေးရန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကမှာကြားခဲ့ကြောင်းသိရသည်။

"အခါရက်ဆိုပြီးစက်သုံးဆီဈေးကိုတင်မရောင်းကြဖို့ဆိုင်တွေကိုလည်းကြိုတင်သတိပေးထားပါတယ်။အခုလည်းဝန်ကြီးကဆက်စပ်ဌာနတွေပါဝင်တဲ့အစည်းအဝေးပြုလုပ်ပြီးစက်သုံးဆီဈေးကိုထိန်းချုပ်နိုင်အောင်ဆောင်ရွက်တာပါ"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာန်ရှိသူတစ်ဦးကဆိုသည်။

ယမန်နေ့ကနေပြည်တော်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သောစက်သုံးဆီဈေးနှုန်းများကြီးမြင့်နေမှုနှင့်ပတ်သတ်သည့်ညှိနှိုင်းဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်ကမှာကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အစည်းအဝေးသို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြ ဦးဝင်းခိုင်လည်းတက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင်သင်္ကြန်ကာလအတွင်းပြည်တွင်းသို့ဖြန့်ဖြူးရောင်းချနေသည့်စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းလုံးဝမပြုလုပ်ရန်နှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်ဝယ်ရှိစက်သုံးဆီများထဲမှဓာတ်ဆီဂါလံ(၃)သန်းကိုဈေးကွက်အတွင်းဖြည့်ဆည်းရောင်းချပေးရန်ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်စက်သုံးဆီဈေးနှုန်းကာလလတ်နှင့်ကာလရှည်ဆောင်ရွက်သွားမည့်အစီအမံများကိုအကောင်အထည်ဖော်ရန်အတွက်သက်ဆိုင်ရာအစိုးရဌာနများအသင်းအဖွဲ့များနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်းပြီးစဉ်ဆက်မပြတ်ညှိနှိုင်းဆွေးနွေးအကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပါရှိသည်။

အောင်ပြည့်စုံ
ဓါတ်ပုံ - Ministry of Commerce
Popular News Journal




0 comments:

Post a Comment