Saturday, April 14, 2018

နေရပ်စွန့်ခွာသူ မိသားစုငါးဦး တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်


အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားကြသူများအနက် ပထမဆုံးအနေဖြင့် အဲဖ်တာအာလွမ်ပါ မိသားစုဝင်ငါးဦးတို့သည် ဧပြီလ ၁၅ ရက်နေ့ နံနက်က မောင်တောမြို့နယ် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။

၎င်းတို့ကို လက်ခံရေးစခန်း၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံအတွင်းအမှန်တကယ် နေထိုင်ခြင်းရှိ၊ မရှိ စိစစ်ပြီး သတ်မှတ်ချများနှင့် ညီညွတ်သောကြောင့် NV Card ယာယီ သက်သေခံကတ်များကို ထုတ်ပေးခဲ့ကြောင်း၊ ထို့ပြင် ကျန်းမာရေးစစ်ဆေးခြင်းတို့ပြုလုပ်ပြီး လူ/ကယ် ပြန်ဝန်ကြီးဌာနက ဆန်၊ စောင်၊ အဝတ်အထည်နှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြာင့် တစ်ဖက်နိုင်ငံသို့ မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီလူမျိုး ၅၆၀,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်သွားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ထံမှ သိရသည်။

ဘင်္ဂလားဒေ့ရ်ုနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲလက်ခံရေးစခန်းနှင့် ငခူရလက်ခံရေးစခန်း နှစ်ခုတွင် စိစစ်လက်ခံမည်ဖြစ်ရာ လက်ရှိအချိန်တောင်ပြိုလက်ခံရေးစခန်း၌ NV Card ကတ်ကိုင်ဆောင်သူငါးသောင်းရှိပြီး ယာယီနေထိုင်ရန်အတွက် အဆောင်ရှစ်ခု တစ်ဆောင်လျှင် လူ ၆၀ ဦးနေထိုင်နိုင်သည်။

The Voice
Sunday, April 15, 2018

0 comments:

Post a Comment