Wednesday, April 18, 2018

Facebook တွင် Like ဝယ်ခြင်းသည် အစ္စလာမ်တရားတော်နှင့်မညီဟု အီဂျစ်ဘာသာရေးဆရာဆို


အီဂျစ်မှ ထိပ်တန်းဘာသာရေးဥပဒေကျွမ်းကျင်သူ mufti က ဘာသာရေးဆိုင်ရာ ကျင့်ဝတ်တစ်ခုကို ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ဒါကတော့ facebook လူမှုကွန်ရက်မီဒီယာမှာ Like များများရအောင် ပိုက်ဆံပေးခြင်းဟာလိမ်လည်ခြင်း တစ်မျိုးဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ ပြောကြားလိုက်တာပဲဖြစ်ပါတယ်။ 

ထိပ်တန်းဘာသာရေးဆရာကြီး ရှော်ကီအလမ်က ဘာသာရေးဆိုင်ရာအငြင်းပွားမှုများ ကြုံလာရတဲ့အခါ အလားတူဘာသာရေးစည်းမျဉ်းများ ထုတ်ပြန်လေ့ရှိပါတယ်။

သူဟာဘာသာရေးဆိုင်ရာ အမေးပြဿနာများကို ကိုရမ်ကျမ်းကိုကိုးကားပြီးတော့ ဖြေရှင်းချက်များထုတ်ပေးတဲ့ အင်စတီကျူးရှင်းက ဖြစ်ပါတယ်။ Like ရအောင် ငွေပေးခြင်းဟာ ဘာသာရေးအရ တားမြစ်အပ်တဲ့အရာလို့ သူကဖော်ပြထားပါတယ်။ ထိုအရာဟာ လိမ်လည်ခြင်းတစ်မျိုးဖြစ်ပြီး လိမ်လည်သူဟာ ကျွန်ုပ်တို့ မွတ်ဆလင်မဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။
The Voice

0 comments:

Post a Comment