Tuesday, April 17, 2018

သင်္ကြန်ကာလအတွင်းယာဉ်စီးခနှုန်းထားများပိုမိုကောက်ခံခဲ့သောYBSကားအချို့ကိုအရေးယူမည်


ရန်ကုန်တိုင်းဒေသကြီး၌သင်္ကြန်ကာလအတွင်းယာဉ်စီးခနှုန်းထားများပိုမိုကောက်ခံခဲ့သောYBSများကိုစစ်ဆေးပြီးထိရောက်သောအရေးယူခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းYRTAမှသိရသည်။

"သင်္ကြန်တွင်းမှာကားခတွေပိုကောက်လို့ဆိုပြီးတိုင်ကြားတာတွေရှိပါတယ်အဲ့ကားတွေကိုစစ်ဆေးပြီးထိထိရောက်ရောက်အရေးယူမှာပါ"ဟုYRTAမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

သင်္ကြန်ကာလအတွင်းYBSယာဉ်အချို့မှာယာဉ်စီးခနှုန်းထား(၅၀၀)ကျပ်နှင့်အထက်မြင့်တက်သွားခဲ့ပြီးအများစုမှာမှုပုံမှန်ဈေးနှုန်းအတိုင်းသာပြေးဆွဲပေးခဲ့ကြောင်းသိရသည်။

သင်္ကြန်ကာလအတွင်းYBSအစီးရေ(၈၀၀ခန့်ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီးယာဉ်အချို့အနေဖြင့်ယာဉ်စီးခနှုန်းထားများပိုမိုကောက်ခံသောကြောင့်ခရီးသည်များမှတိုင်ကြားခဲ့ကြခြင်းဖြစ်ပြီးအဆိုပါ ယာဉ်များကိုစစ်ဆေးအရေးယူသွားမည်ဖြစ်သည်။

သင်္ကြန်ကာလအတွင်းယာဉ်မောင်းများကိုအရက်ဘီယာသောက်သုံးမောင်းနှင်ခြင်းမပြုရန်နှင့်ယာဉ်စီးခနှုန်းထားများပိုမိုကောက်ခံခြင်းမပြုရန်အတွက်ညွှန်ကြားထားပြီးဖြစ်ကာစည်းကမ်းဖောက်ဖျက်သောယာဉ်များကိုစစ်ဆေးအရေးယူမည်ဖြစ်ကြောင်းသိရသည်။

အောင်ပြည့်စုံ
Popular News Journal

0 comments:

Post a Comment