Tuesday, July 3, 2018

ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးလည်းပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်လမ်းညွှန်ထားဟုဆို


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက်လည်း ပါဝင်ပြီးဖွဲ့စည်းပုံကို လွှတ်တော် အတွင်းမှ အောင်မြင်အောင်ပြင် ဆင်ရန် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ထားကြောင်း ဒီချုပ်ဗဟို အမျိုးသမီးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌဒေါက်တာမေ၀င်းမြင့်က ပြောသည်။ 

ဇွန်လ ၃၀ရက်က စတင်ကာ ဇူလိုင် ၂ရက်အထိ နေပြည်တော်၌ ကျင်းပသောဒီချုပ်ပါတီ၏ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ  စုံညီ တွေ့ဆုံပွဲအပြီးတွင် မီဒီယာများ၏မေးမြန်းချက်ကို ဒေါက်တာမေ၀င်းမြင့်ကထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။ 

‘‘လွှတ်တော်ထဲကရအောင် ပြင်မှာဖြစ်တဲ့အတွက် အခုငြိမ်း ချမ်းရေးညီလာခံသည် ငြိမ်းချမ်း ရေးအတွက်လည်းပါတယ်။ ပြင်ဆင်ရေးအတွက်လည်းပါတယ်’’ ဟု ဒေါက်တာမေ၀င်းမြင့်က ပြောသည်။ 

ဖွဲ့စည်းပုံပြင်ဆင်ရန်တပ်မ တော်သားကိုယ်စားလှယ်အစုအ ဖွဲ့ပါဝင်ဆွေးနွေးသည့် ၂၁ ပင်လုံ ညီလာခံငြိမ်းချမ်းရေးလုပ်ငန်းစဉ် များမှ တစ်ဆင့်ဘုံသဘောတူညီ ချက်များရယူကာ လွှတ်တော်အ တွင်းပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာမေ၀င်းမြင့်က ဆိုသည်။ 

‘‘ဘုံသဘောတူညီချက်ရ သွားပြီဆိုရင်ဒီထဲမှာ တပ်မတော်  သားလည်းပါလာပြီလေ။ ဒီရဲ့ရ လဒ်ကို လွှတ်တော်ထဲကို ယူပြီး တော့လွှတ်တော်ထဲကနေပြင်မှာ ဖြစ်တဲ့အတွက် ဒေါ်စုသွားနေတဲ့ လမ်းကြောင်းကို မြင်အောင်ကြည့်ဖို့မှာတဲ့သဘောပေါ့’’ ဟု ဒေါက်တာမေ၀င်းမြင့်က ပြော သည်။  ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမှုဖြင့်သာပြင် ဆင်နိုင်မည်ဖြစ်သဖြင့် တပ်မ တော်များ၏ ပါဝင်မှုသည်အရေး ကြီးပြီးထိခိုက်ခံ၍ မရကြောင်းနှင့်  တပ်မတော်အနေဖြင့် သီးခြားကဏ္ဍတစ်ခုအဖြစ်ရှိပါဝင်နေဦး မည်ဟု ဒေါက်တာမေ၀င်းဖြင့်ကပြောသည်။ 

‘‘လွတ်လပ်ရေးယူခဲ့စဉ်က တည်းကိုက ကျွန်မတို့သမိုင်း ကြောင်းမှာ တပ်မတော်က တောက်လျှောက်ပါလာတာလေ။ ဒါသူတို့ကိုလုံးဝဖယ်လို့မရဘူး။ သူ့ကဏ္ဍနဲ့သူကတော့ရှိရမယ်။ ဒါ ကြောင့်မို့ဖယ်ရှားရေးဆိုတာကို ကျွန်မတို့ကလက်မခံဘူး’’ ဟု ၎င်း ကဆက်လက်ပြောကြားသည်။ 

ဒီချုပ်ပါတီ၏ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ် ငန်းကော်မတီများစုံညီတွေ့ဆုံပွဲမှဆွေးနွေးချက်များအရ ကျန်ရှိ နေသေးသည့် ရပ်ကျေးအဖွဲ့များကို ပြန်ပြီးဖွဲ့စည်းရန်၊ ဒေသအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်၊ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ဖို့ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်မည်ဟု ဒေါက်တာမေ၀င်းမြင့်ကဆိုသည်။ 

7Day

0 comments:

Post a Comment