Sunday, July 29, 2018

ဂျပန်တွင် ဂျွန်ဒါရီတိုင်ဖွန်းမုန်းတိုင်း တိုက်ခတ်၊ ဒဏ်ရာရသူ ၁၉ ဦးခန့်ရှိ


ဂျပန်တွင် အင်အားပြင်း မုန်တိုင်းတစ်ခု တိုက်ခတ်ပြီး အနည်းဆုံး ၁၉ ဦးခန့် ဒဏ်ရာရကာ ဓာတ်အားလိုင်းများ ပြတ်တောက်လျက်ရှိသည်ဟု BBC သတင်းဌာနတွင် ဖော်ပြသည်။

ဂျွန်ဒါရီတိုင်းဖွန်း မုန်တိုင်းအမည်ရသည့် မုန်တိုင်းသည် မိုးရေများနှင့်အတူ တစ်နာရီ မိုင် ၁၁၀ ထက် မနည်းရှိသော လေအားဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။


မိုးလေဝသ အာဏာပိုင်များက ယင်းမုန်တိုင်းကို သာမန် လေပြင်းမုန်တိုင်းအဆင့်သာ သတ်မှတ်ခဲ့သော်လည်း မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှုများ ထပ်မံဖြစ်ပေါ်နိုင်သည်ဟု သတိပေးခဲ့သည်။


အဆိုပါ တိုင်ဖွန်းမုန်းတိုင်းကြောင့် ဟွန်ရှူကျွန်းတွင် တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီ (ဒေသစံတော်ချိန်) ၌ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။
အိမ်ခြေပေါင်း ၁၅၀၀၀၀ ခန့် လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့နေရသည်ဟု ဂျပန်သတင်းဌာန NHK မှ ထုတ်ပြန်ကြေညာခဲ့သည်။


“ကျွန်တော်တို့ ကြောက်တာက မိုးအရမ်းသည်းပြီး လေတွေ အရမ်းတိုက်နေတာတွေကြောင့် လမ်းတွေပိတ်ပြီး ပြည်သူတွေ အချိန်မီ နေရပ်စွန့်ခွာတာတွေ မလုပ်နိုင်မှာ တစ်ခုပါပဲ”ဟု ဟီရိုရှီးမား မြို့တော်ဝန် ဟီဒဲ့ဟီကိုယူဇာကီက ပြောခဲ့သည်။


စနေနေ့တွင် ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ရှိုဘာရာမြို့ရှိ ပြည်သူ ၃၆၄၀၀ ဦးနှင့် ကူရဲမြို့ရှိ ပြည်သူ ၆၃၀၀ ဦးတို့ကို နေရပ်စွန်ခွာ ဖယ်ရှားရန် အမိန့်ထုတ်ခဲ့သည်။
“ကျွန်တော်ကတော့ တတ်နိုင်ရင် အမြန်ဆုံးပြောင်းစေချင်တယ်၊ ဒါမှလည်း သူတို့ အသက်တွေကို ကယ်နိုင်မှာလေ”ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။


The Voice

0 comments:

Post a Comment