Monday, July 30, 2018

ပညာရေးဘတ်ဂျက်မှ ကျပ်ဘီလီယံ ၁,၃၀၀ ကို ဆရာ၊ ဆရာမနှင့် ၀န်ထမ်းများလစာ သုံးနေရဟု ပညာရေးဝန်ကြီးပြော ဘတ်ဂျက်တိုးမြှင့်သုံးစွဲသည့်တိုင် တစ်ထောင့်တစ်ညပုံပြင်ကဲ့သို့ဖြစ်၍ မလောက်ငနိုင်ဟုဆို

ပညာရေးအသုံးစရိတ် မှ ကျပ်ဘီလီယံ ၁,၃၀၀ ကို ဆရာ၊ ဆရာမနှင့် ၀န်ထမ်းများအတွက် လစာငွေပေးရာတွင် သုံးစွဲနေရ ပြီး ပညာရေးပြုပြင်ပြောင်းလဲမှု၌ ဆောင်ရွက်ရန်များသဖြင့် ပညာရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲသည့်တိုင် လောက်ငခြင်းမရှိနိုင်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ဇူလိုင် ၂၉ ရက်က ရန်ကုန် မြို့ LOTTE ဟိုတယ်တွင် ကျင်းပ သည့် ရွှေပါရမီပညာရေးဖောင် ဒေးရှင်း၏ ဆဋ္ဌမအကြိမ်မြောက် ပညာသင်ဆုချီးမြှင့်ပွဲနှင့် အလှူ ငွေပေးအပ်ပွဲ၌ ပညာရေးဝန် ကြီးက ပညာရေးပြုပြင်ပြောင်းလဲ မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ထိုသို့ ပြောကြားသည်။ ပညာရေးဝန်ကြီးဌာန အောက်တွင် ၀န်ထမ်း ငါးသိန်း ခန့်ရှိပြီး တစ်လလျှင် လစာပေးရန် ကျပ်ဘီလီယံ ၁၁၀ ခန့် သုံးစွဲရရာ တစ်နှစ်လျှင် ကျပ်ဘီလီယံ ၁,၃၀၀ ကုန်ကျကြောင်း၊ လိုအပ် နေသည့် ကျောင်းဆောင်၊ ဆရာ၊ ဆရာမ၊ စာသင်ခုံများ ဖြည့်ဆည်း ခြင်း၊ အခမဲ့ထောက်ပံ့ပေးနေ သည့် ပုံနှိပ်စာအုပ်၊ ကျောင်းသုံး ဗလာစာအုပ်၊ ကျောင်းဝတ်စုံ ကုန်ကျစရိတ်များ ပေါင်းပါက တစ်နှစ်လျှင် ကျပ်ဘီလီယံ၁,၈၀၀ ခန့် သုံးစွဲနေရကြောင်း ၎င်းကဆိုသည်။ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တွင် ပညာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ထံ အ ဆိုပြုတောင်းခံထားသည့် ဘဏ္ဍာ ငွေသည် ယခင်ထက် ပမာဏများ သော်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုသည် တစ်ထောင့် တစ်ညပုံပြင်ကဲ့သို့ဖြစ်၍ လောက် ငနိုင်မည်မဟုတ်ဟု ပြည်ထောင် စုဝန်ကြီးက ပြောကြားသည်။ လာမည့် ၂၀၁၈-၁၉ ဘ ဏ္ဍာနှစ်တွင် ပညာရေးဝန်ကြီးဌာန က ကျပ်ဘီလီယံ ၂,၁၀၀ ကျော် အထိ ပညာရေးအသုံးစရိတ်ကို တိုးမြှင့်တောင်းခံထားပြီ ပြီးခဲ့ သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရသုံး ခန့်မှန်းခြေစာရင်းထက် ကျပ် ၃၄၄ ဘီလီယံပိုများသည်။ ပြည် ထောင်စု ဘတ်ဂျက်စုစုပေါင်း ဘီလီယံ ၂၅,၀၀၀ ခန့် (ကျပ် ၂၄,၉၅၄ ဘီလီယံကျော်) ၏ ၈ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် ပညာ ရေးဝန်ကြီးဌာနက ဝန်ကြီးဌာန အားလုံးတွင် စတုတ္ထအများဆုံး အသုံးစရိတ်တောင်းခံသည်။ ‘‘ပညာရေးပြုပြင်ပြောင်းလဲ မှုတွေက အချိန်ယူပြီး အများကြီး ဆောင်ရွက်ရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုပညာရေးအသုံး စရိတ်တွေ တိုးမြှင့်သုံးစွဲနေတယ် ဆိုသော်လည်းပဲ ဘယ်တော့မှ လောက်ငတယ်ဆိုတာရှိမှာ မ ဟုတ်ပါဘူး’’ဟု ဒေါက်တာမျိုး သိမ်းကြီးက ပြောသည်။ လာမည့် ဘဏ္ဍာရေးနှစ်အ တွက် အသုံးစရိတ်စုစုပေါင်း ကျပ်ဘီလီယံ ၂,၁၀၀ ကျော် တောင်းခံထားသည့်အနက် သာ မန်အသုံးစရိတ် ကျပ်ဘီလီယံ ၁,၆၃၀ ကျော် လျာထားပြီးငွေလုံး ငွေရင်း အသုံးစရိတ် ကျပ်ဘီလီယံ ၅၃၀ ကျော် လျာထားသည်ဟု ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ဇူလိုင် ၂၆ ရက်၌ ကျင်းပသည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးသို့ လာရောက်ရှင်းလင်းခဲ့သည်။ ၀န်ထမ်းလစာတိုးမြှင့်ထား ခြင်း၊ ဆရာ၊ ဆရာမနှင့် ပညာရေး ၀န်ထမ်း ထပ်မံခန့်ထားရန် ရှိခြင်း တို့ကြောင့် ယခင်နှစ်ထက် သာ မန်အသုံးစရိတ် ပိုမိုတောင်းခံထား သည်ဟုလည်း ဒုဝန်ကြီးက ပြော ကြားထားသည်။ ပညာရေးဝန်ကြီးဌာန အချက်အလက်များအရ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်း လေးသောင်းကျော်၌ ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၂ သန်းတက်ရောက်နေသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်က ပညာရေးအသုံးစရိတ် ကျပ် ၇၆၁ ဘီလီယံသာ ရရှိခဲ့ရာမှ နှစ်စဉ်တိုး မြှင့်သုံးစွဲရာ ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ကျပ် ၁,၇၂၆ လီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ရသုံးမှန်းခြေစာရင်းအရ ပညာရေး အသုံးစရိတ် ကျပ်၁,၇၅၆ ဘီလီယံ ရရှိခဲ့သည်။ 7Day

0 comments:

Post a Comment