Wednesday, July 25, 2018

ညှဉ်းပန်းနှိပ်စက်ခံရသဖြင့် စိတ်ဂယောင်ခြောက်ခြား ဖြစ်နေဟု အောင်ဝင်းဇော် ထွက်ဆို


တရားလွှတ်​​တော်​​ရှေ့​နေ ဦးကိုနီ လုပ်​ကြံသတ်​ဖြတ်​ခံရတာနဲ့ ပတ်​သက်ပြီး ၃၀၂ ၁(ခ)/၃၄ နဲ့ စွဲချက်တင်ထားတဲ့ အောင်ဝင်းဇော်ကို ဒီကနေ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

အောင်သပြေရဲရိပ်သာမှာ သူကို ၁၁ ရက်ကြာ စစ်ဆေးခဲ့ချိန်အတွင်း အမျိုးမျိုး ညှဉ်းပန်းခံရပြီး စိတ်ကစဥ့်ကလျား ဂယောင်ခြောက်ခြားနဲ့ စိတ်အားငယ်တာဖြစ်ခဲ့ပြီး အခုစစ်ဆေးနေချိန်မှာလည်း အဲလိုဖြစ်ပေါ်နေတယ်လို့ ရုံးတော်မှာ အောင်ဝင်းဇော်က ထွက်ဆိုခဲ့ပါတယ်။

သူ့အနေနဲ့အခုစွဲချက်တင်ထားတာမှာ မကျူးလွန်ကြောင်း အပြစ်မရှိကြောင်း မသိတဲ့ ကိစ္စကို ဖြေရှင်းနေရတာဖြစ်တယ်လည်း ထွက်ဆိုခဲ့ပါတယ်။

တရားခွင်ကို မွန်းတည့် ၁၂ နာရီထိုးမှာ ခဏရပ်နားခဲ့ပြီး နေ့လယ် ၁ နာရီထိုးမှာ အောင်ဝင်းဇော်ကို ထပ်ပြီး စစ်ဆေးမှာပါ။

ဦးကိုနီအသတ်ခံရမှုအတွက် ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း တို့ကို ၆၃ ကြိမ်မြောက် မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

DVB

0 comments:

Post a Comment