Sunday, July 22, 2018

စည်းကမ်းဖောက်၍ ထုတ်ပယ်သော ဝိုင်ဘီအက်စ်ယာဉ်မောင်း ၇၀ ခန့်ရှိဟုဆို


ဝိုင်ဘီအက်စ်ယာဉ်လိုင်း များတွင် စည်းကမ်းချိုးဖောက်၍ အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်အရေးယူခံထားရသည့် ယာဉ်မောင်း ၇၀ ခန့်ရှိကြောင်း ယာဉ်လိုင်းတာဝန်ခံအချို့က ဆို သည်။

သတ်မှတ်စည်းကမ်း ချိုး ဖောက်၍ အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်အရေးယူထားသည့် ယာဉ်မောင်းများကို ခန့်အပ်ခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA)က ဝိုင်ဘီအက်စ် ယာဉ်လိုင်းများထံ ဖြန့်ဝေခဲ့သည်ဟု ၎င်းတို့ကပြောသည်။

‘‘ခန့်မှန်းခြေအားဖြင့်ဆိုရင် ၇၀ ဦးလောက်တော့ ရှိလိမ့်မယ်။ ယာဉ်မောင်းအသစ်ခန့်မယ်ဆိုရင် ထုတ်ပယ်ခံထားရတဲ့ စာရင်းထဲ မှာ ပါတဲ့သူတွေဟုတ်၊ မဟုတ်ကို စိစစ်ရတာပေါ့’’ဟု ကုန်းဘောင် ရန်ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ဒါရိုက်တာ ဦးသန့်ဇင် ကြည်ကပြောသည်။

ထုတ်ပယ်ခံရသည့် ယာဉ် မောင်းစာရင်းကို သက်ဆိုင်ရာ ယာဉ်လိုင်းအချင်းချင်းလည်း ပြန် လည်ဖြန့်ဝေအကြောင်းကြားလေ့ ရှိသဖြင့် စည်းကမ်းပျက် ယာဉ် မောင်းကို ပိုမိုစိစစ်လာနိုင်ခဲ့သည် ဟု Power Eleven ကုမ္ပဏီဒါရိုက် တာ ကိုတရုတ်လေးကဆိုသည်။

ယာဉ်လိုင်း ၂၀ ကျော်ကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန် မြို့ပြ အများပြည်သူသယ်ယူပို့ ဆောင်ရေး အများနှင့်သက်ဆိုင် သောကုမ္ပဏီ (YUPT) တစ်ခု  တည်း၌ စည်းကမ်းချိုးဖောက်သ ဖြင့် ထုတ်ပယ်အရေးယူခဲ့သည့် ယာဉ်မောင်း ၅၀ ကျော်ရှိသည် ဟု ယင်းကုမ္ပဏီတာဝန်ရှိသူ ဦးမောင်မောင်လွင်ကပြောသည်။

 ‘‘တခြားယာဉ်လိုင်းတွေက ထုတ်ပယ်တဲ့ စာရင်းတွေလည်း ရောက်တယ်။ အရေအတွက် အ တိအကျတော့ မသိဘူး။ တို့ဆီကလည်း တော်တော်များများ ထုတ်ပယ်ခဲ့ရတာတွေရှိတယ်’’ဟု ၎င်း ကဆိုသည်။

ထိုသို့ စည်းကမ်းချိုးဖောက် ၍ အမည်ပျက်စာရင်းသွင်းကာ ထုတ်ပယ်ခဲ့သည့် ယာဉ်မောင်းအ ရေအတွက်ကို YRTA က အတည် ပြုထုတ်ပြန်ခြင်းမရှိသကဲ့သို့ ယင်း အဖွဲ့တာဝန်ရှိသူများထံ ဆက် သွယ်မေးမြန်းသော်လည်း ဆက် သွယ်၍မရပေ။

ရန်ကုန်မြို့တွင် ဝိုင်ဘီ အက်စ်ဘတ်စ်ကားပြေးဆွဲမှုစနစ် ကို ၂၀၁၇ ဇန်နဝါရီက စတင်ပြီး ယာဉ်လိုင်းအများစု၌ ယာဉ် နောက်လိုက်ထားရှိမှု ဖျက်သိမ်း ခဲ့သည်။

7Day

0 comments:

Post a Comment