Tuesday, July 31, 2018

မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ဇီဒန်းနှင့် ဘလန့်တို့အနက်မှတစ်ဦးကို ခန့်အပ်ရန် မန်ယူ စီစဉ်ထား


မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်ဖြစ်ခဲ့ပါက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနှင့် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသော ပီအက်စ်ဂျီနည်းပြဟောင်း လောရင့်ဘလန့်တို့အနက်မှတစ်ဦးကို ယင်းနေရာတွင်အစားထိုး၍ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနိုင်ကြောင်း Daily Mail က ဖော်ပြထားသည်။
မော်ရင်ညိုနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ် ကျန်ရှိဆဲဖြစ်သော်လည်း အသင်းတစ်သင်းကို တာဝန်ယူပြီးပါက တတိယမြောက်ဘောလုံးရာသီသို့ ရောက်ရှိချိန်တွင် ရာထူးစွန့်လွှတ်ရတတ်လေ့ရှိသော သံသရာမှာ မော်ရင်ညိုထံသို့ တစ်ပတ်ပြန်လည်လာနိုင်ကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပြီဖြစ်ပြီး အားကစားရေးရာကံစမ်းကုမ္ပဏီများကလည်း မော်ရင်ညိုမှာ လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် ပထမဆုံး ရာထူးထုတ်ပယ်ခံရသည့် ပရီးမီးယားလိဂ်နည်းပြဖြစ်လာနိုင်ကြောင်း အလေးပေးချက်များ ထုတ်ပြန်ထားပြီဖြစ်သည်။
ဇီဒန်းနှင့် ဘလန့်တို့သည် လက်ရှိတွင် လုပ်ငန်းခွင်ပြင်ပ၌ ကလပ်အသင်းလက်မဲ့ နည်းပြများအဖြစ် ရပ်တည်နေကြပြီး အသင်းကစားသမားများ အပါအ၀င် အသင်းအားပေးသူပရိသတ်များ၏ထောက်ခံမှု လျော့ကျလာခြင်းကလည်း မော်ရင်ညိုအတွက် အနုတ်သဘောဆောင်သော အခြေအနေတစ်ရပ်ဖြစ်လျက်ရှိသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် မော်ရင်ညိုကို ကစားသမားနှစ်ဦးသာ ခေါ်ယူပေးထားပြီး အသင်းတာဝန်ရှိသူများဘက်က ကစားသမားသစ် ခေါ်ယူစုစည်းရေးလုပ်ငန်းစဉ်အတွက် အပြောင်းအရွှေ့အသုံးစရိတ် ထပ်မံထုတ်ပေးဖွယ်မရှိတော့သည့်အနေအထားကို မော်ရင်ညိုက လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်နေပြီလည်းဖြစ်သည်။

The Voice



0 comments:

Post a Comment