Sunday, July 29, 2018

ပြည်သူတစ်သိန်းဝန်းကျင်ရေဘေးကြုံနေဆဲ ညောင်လေးပင်တွင် ရေကာတာတစ်ခုကျိုးပေါက်၊သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ကမ်းနားလမ်းနှင့် တစ်ပြေးညီဖြစ်နေ၍ ဒေသခံများစိုးရိမ်


တိုင်းနှင့်ပြည်နယ်လေးခု တွင် ရေဘေးကို ပြည်သူတစ်သိန်း ခန့် ရင်ဆိုင်နေရပြီး ညောင်လေး ပင်မြို့၌ ရေကာတာတစ်ခု ကျိုး ပေါက်၍ အရေးပေါ်ကယ်ဆယ် ရေး ဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကပြော သည်။
တိုင်းနှင့်ပြည်နယ်လေးခုရှိ ၁၈ မြို့နယ်တွင် ရေဘေးကြောင့် ကယ်ဆယ်ရေးစခန်း ၁၇၁ ခု ဖွင့်ထားသည်။
စိုးရိမ် ရေမှတ်အထက် ရောက်ရှိနေသော မြစ်ရေအများ စုသည် ဇူလိုင် ၂၉ ရက်တွင် အ နည်းငယ်ပြန်ကျနေသော်လည်း ပဲခူးနှင့်ဘားအံမြို့၌ လူတစ်ဦးစီ ရေနစ်သေဆုံးခဲ့သည်။ ပဲခူးတိုင်း နှင့် ကရင်ပြည်နယ် ရေဘေးသင့် မြို့နယ်များတွင် ကယ်ဆယ်ရေး စခန်းသို့ ရောက်မလာသူများအ တွက် အရေးပေါ်ကူညီထောက်ပံ့ ရန် လိုအပ်နေသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်ရှိ စစ်တောင်းမြစ်ကို ကာ ထားသည့် မုက္ခမူရေကာတာသည် ဇူလိုင် ၂၉ ရက်နေ့လယ်တွင် ပေ ၁၀၀ ခန့်အကျယ်ကျိုးကျခဲ့သည် ဟု ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးကပြောသည်။
မုက္ခမူ တာကျိုးပေါက်၍ တာအတွင်းရှိ ငါးကျီးအိုင်၊ ဗမော် တော၊ ဧက(၅၀၀)၊ ချောင်းကျိုး၊ စည်ပင်နှင့် လေးအိမ်စုရွာများ ရေ ကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်လာ နိုင်သောကြောင့် သတိပြုနေထိုင်ရန်နှင့် အရေးပေါ်လိုအပ်ပါက ၀၆-၇၃၄၀၄၆၆၆၊ ၀၆-၇၃၄၀၄ ၇၇၇ သို့ ဆက်သွယ်နိုင်ကြောင်း လူကယ်ပြန် ၀န်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
‘‘အဲဒီပတ်ဝန်းကျင်က ရွာ တွေ ရေနည်းနည်းစိမ့်ဝင်သွားပြီ။ ဒါပေမဲ့ ရေစီးဝင်တဲ့ ဧရိယာကပြန့် သွားလို့ တစ်နေရာတည်း ဝုန်းခနဲ မတက်ဘူး။ အဲဒီနားမှာ ရှိနေတဲ့ ရွာ လေး၊ငါးရွာလောက်ကိုတော့ သတိပေးမှုတွေ လုပ်နေတယ်။လို အပ်တာတွေ ကယ်ဆယ်တာတို့ ထောက်ပံ့တာတို့၊ နေရာပြောင်း ရွှေ့တာတို့ ထောက်ပံ့တာတို့လုပ် နေပါတယ်’’ဟုပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးရှိ ပဲခူး၊ ရွှေကျင်နှင့် စစ်တောင်းမြစ်ရေ သည် အနည်းငယ်ကျဆင်းခဲ့သော် လည်း လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက် လက်ရှိနေမည်ဖြစ်ကြောင်း မိုးဇ လက သတိပေးထားသည်။
ပဲခူးတိုင်းတွင် ကျောက်ကြီး၊ မိုးညို၊ ရွှေကျင်၊ ပဲခူး၊ တောင်ငူ၊ ရွှေတောင်၊ ညောင်လေးပင်မြို့ နယ်တွင် ရေကြီးနစ်မြုပ်နေပြီး လူ ခြောက်သောင်းကျော် ရေဘေး ကြုံတွေ့နေရပြီး ပဲခူးမြို့တွင် ဇူ လိုင် ၂၉ ရက်က လူတစ်ဦး ရေနစ် မြုပ်သေဆုံးခဲ့သည်။ ရွှေကျင်မြို့ နယ်တွင် လူနှစ်သောင်းခွဲကျော် ရေဘေးရင်ဆိုင်နေရပြီး စစ် တောင်းမြစ် ကမ်းပါးဒေသရှိ ၁၆ ရွာခန့်မှ ဒေသခံများသည် ကယ် ဆယ်ရေးစခန်းသို့ လာရောက်ရန် ခက်ခဲနေ၍ ထောက်ပံ့ရေးပစ္စည်း များ အရေးပေါ်လိုအပ်နေကြောင်း ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုး မိုးသူနှင့်လူမှုကယ်ဆယ်ရေးအဖွဲ့များကပြောသည်။ ကရင်ပြည်နယ် ကရင်ပြည်နယ်တွင် ဘား အံ၊ မြဝတီ၊ လှိုင်းဘွဲ၊ ကော့က ရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် ဖာ ပွန်မြို့နယ်တို့တွင် ရေဘေးရင် ဆိုင်နေရပြီး ရေဘေးသင့်ပြည်သူ နှစ်သောင်းခန့်ရှိသည်ဟု ဘေး အန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန ကဆိုသည်။
ကရင်ပြည်နယ်ရေဘေး၌ ကယ်ဆယ်ရေးစခန်းသို့ မရောက် ဘဲ နေအိမ်များအတွင်း ပိတ်မိနေ သူများရှိကာ သံလွင်မြစ်ကမ်း ဘေးရှိ ကျေးရွာများသို့ကယ်ဆယ် ရေးပစ္စည်း ပို့ဆောင်ရန် လိုအပ် နေကြောင်း ကယ်ဆယ်ရေးလုပ် နေသူများက ပြောသည်။ သံလွင် မြစ်ရေသည် ဘားအံမြို့ကမ်းနား လမ်းနှင့်တစ်ပြေးညီဖြစ်နေပြီး ဒေ သခံများက ရေဘေးဆက်လက် ဆိုးရွားမည်ကို စိုးရိမ်နေသည်။ လက်ရှိအခြေအနေတွင် မွန်နှင့် ပဲခူးတိုင်းဒေသကြီးမြို့နယ် အချို့ ကားလမ်းရေကျော်နေ၍ ရန်ကုန် မှ ကရင်ပြည်နယ်သို့ ကားလမ်း တိုက်ရိုက်မရဘဲ ကူညီထောက်ပံ့ လိုသူများအနေဖြင့် ရန်ကုန်-မော်လမြိုင်သို့ လေယာဉ်စီးကာ မော်လမြိုင်မှ ဘားအံသို့ ကားဖြင့် သွားရောက်နိုင်သည်။
သံလွင်မြစ်ရေဆက်လက် တက်နေသည့် ဘားအံမြို့တွင် ရပ်ကွက် (၂) မှ အမျိုးသားတစ်ဦး ဇူလိုင် ၂၉ ရက်က ရေနစ်သေဆုံး ကြောင်း ကရင်ပြည်နယ် ဘေး အန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘အိမ်အောက်ထပ်ကိုပစ္စည်း ပြုတ်ကျတာ ဆင်းဆယ်တာ။ လက်တစ်ဖောင်ကျော် ရေမြုပ်နေ တော့ နစ်သွားတာ’’ ဟု ဒေသခံ တစ်ဦးက ပြောသည်။ မွန်ပြည်နယ် မွန်ပြည်နယ်တွင် ဘီးလင်း နှင့် ကျိုက်ထိုမြို့၌ ရေဘေးအဆိုး ရွားဆုံး ရင်ဆိုင်နေရပြီး ဘီးလင်း မြို့နယ် နတ်ကြီးရွာတွင် တောင် ကျရေကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ သည်။ ဒေသခံလူ သုံးရာခန့်ကို တာဝန်ရှိသူများနှင့် လူမှုကူညီ ရေးအဖွဲ့များက ဇူလိုင် ၂၈ ရက် ညနှင့် ၂၉ ရက် နံနက်တွင် ကယ် ဆယ်ခဲ့ရကြောင်း ပြည်နယ်လွှတ် တော်အမတ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ လူတစ်သောင်းခန့် ရေဘေးကယ်ဆယ်ရေးစခန်း ၃၆ ခု၌ ခိုလှုံနေရကြောင်း မွန်ပြည် နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးမှူးညွှန်ကြားရေး မှူး ဦးသောင်းရွှေက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး
ဇူလိုင် ၂၉ ရက်ညနေတိုင်း ထွာချက်အရ စစ်တောင်းမြစ်ရေ သည် မဒေါက်မြို့တွင် ခုနစ်ပေ ခန့်၊ တောင်ငူမြို့တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အထက်သို့ ကျော် လွန်နေပြီး နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်ဆက်လက် တည်ရှိနိုင်ကြောင်း သတိပေးထား သည်။ ရွှေကျင်မြစ်ရေသည် ရွှေ ကျင်မြို့၏ စိုးရိမ်ရေမှတ်အထက် လေးပေခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်နှင့် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အ ထက် ခြောက်ပေခန့်ကျော်လွန်နေ ပြီး စိုးရိမ်ရေမှတ်အထက်ဆက် လက်တည်ရှိနိုင်ကြောင်း သတိ ပေးထားသည်။ ဘီးလင်းမြစ်ရေ သည် မြို့၏ စိုးရိမ်ရေမှတ်အ ထက် နှစ်ပေခွဲခန့် ကျော်လွန်နေ ပြီး နောက်သုံးရက်အတွင်း စိုးရိမ် ရေမှတ်အထက် ဆက်လက်တည် ရှိနေနိုင်ကြောင်း သတိပေးထား သည်။
တနင်္သာရီမြို့တွင် တစ် ကျော့ပြန် ရေတက်လာပြီး ကယ် ဆယ်ရေးစခန်းများတွင် လူ ခြောက်ထောင်ကျော် ရှိနေဆဲဖြစ် ကာ ဒုက္ခသည်စခန်းသို့ မရောက် သော်လည်း ရေဘေးကြုံနေသူဦး ရေနှစ်သောင်းခွဲခန့် အနည်းဆုံးရှိ ကြောင်း ရေဘေးကယ်ဆယ်ရေး ကော်မတီဝင်များက ပြောသည်။ ရာသီဥတုသတိပေးချက် မုတ်သုံလေအားကောင်းနေ သောကြောင့် ရေဘေးသင့်ဒေသ များဖြစ်သော ကရင်နှင့် မွန်ပြည် နယ်၊ ပဲခူးနှင့်တနင်္သာရီတိုင်းဒေသ ကြီး အပြင်ရန်ကုန်၊ဧရာဝတီတိုင်းဒေသကြီး၊ ကချင်နှင့် ရခိုင်ပြည် နယ်တို့တွင် မိုးကြီးနိုင်ကြောင်း မိုးဇလက သတိပေးထားသည်။ မြစ်ရေအခြေအနေ
7Day

0 comments:

Post a Comment