Thursday, July 19, 2018

တစ်ယောက်တစ်ပေါက် လုပ်ဆောင်ရန် မသင့်တော်ကြောင်းနှင့် ညီညွတ်မျှတစိတ်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော


အားလုံးညီညွတ်မှသာ တိုင်းပြည် ပိုမိုတိုးတက်မည်ဖြစ်ပြီး တစ်ယောက်တစ်ပေါက် လုပ် ဆောင်ပါက မသင့်တော်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယမန်နေ့တွင် ကျ ရောက်သော (၇၁)နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် ဂုဏ်ပြုစကားကို နိုင်ငံပိုင်ရုပ်သံ နှင့် တပ်မတော်ပိုင် မြဝတီရုပ်သံမီဒီယာများအား ပြောကြားစဉ် ယင်းသို့ ထည့်သွင်းပြောကြားသည်။

‘‘အသိစိတ်ဓာတ်ရှိရှိနဲ့ လုပ် ကြဖို့အတွက် လိုတာပေါ့။ တစ် ယောက်တစ်ပေါက်နဲ့ လုပ်နေလို့ တော့ မသင့်ဘူးလို့ ကျွန်တော်မြင် ပါတယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောသည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ‘‘နောက်တစ်ခုကလည်း အားလုံး ညီညွတ်တဲ့ စိတ်ပဲ။ မျှတတဲ့စိတ် လည်းလိုအပ်တာပဲ။ မျှမျှတတ မဟုတ်ဘဲ ငါလိုချင်တာပဲ ငါ အတင်းလုပ်နေမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်လေ။ ကျွန်တော်တို့ ကျတော့လည်း အကုန်လုံးကို ချိန်ထိုးပြီးကြည့်ပါ တယ်’’ဟု ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထက်ပါပြောစကား တွင် မည်သူမည်ဝါကို ညွှန်းဆို ခြင်း မရှိသော်လည်း သုံးစွဲသည့် စကားလုံးများအရ လက်ရှိအစိုးရ ကို ရည်ရွယ်ပုံရကြောင်း မြန်မာ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက သုံးသပ်သည်။

 ‘‘အဓိက အားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဓိကထားတယ်လို့ ထင်တယ်။ ငြိမ်းချမ်းရေးကိစ္စက ပိုပြီးထင်ရှား တယ်လို့ထင်တယ်။ နောက်ပြီး ရခိုင်အရေးကိစ္စတွေကို တိုင်တိုင် ပင်ပင် ညှိညှိနှိုင်းနှိုင်း လုပ်စေချင် တဲ့သဘောလို့ ယူဆပါတယ်’’ဟု ၎င်းကဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေးတွင် အစိုးရနှင့်တပ်မတော် ဦးစွာပြေလည်အောင် ညှိနှိုင်းထားပါက ပြောဆိုမှု၊ ဆွေးနွေးမှုများ ကောင်း မွန်မည်ဟု ယူဆကြောင်း ဦးရဲ ထွန်းက သုံးသပ်သည်။

 ‘‘ယေဘုယျအားဖြင့် သူ ပြောတဲ့ သဘောထားတွေမှန်ပါ တယ်။ ဒါပေမဲ့ ငါ့စကားနွားရ တစ်ဖက်သတ် တရားမျှတစွာ ပြောဆိုမှုရှိဖို့က တပ်မတော်ဘက် က ပိုလိုအပ်တယ်လို့ လက်ရှိနိုင်ငံ ရေးအခြေအနေအရ ကျွန်တော် တို့ သုံးသပ်ပါတယ်’’ဟု မြန်မာ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြု သည်။

ပြီးခဲ့သည့် ၂၁ ရာစုပင်လုံတတိယအကြိမ် အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် ပြောကြားသည့် အမှာစကားကို ကြည့်ပါက ၎င်း၏ သဘောထားမျှတမှုရှိ၊ မရှိ ပေါ် လွင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲနေ့တွင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော ကြားသည့် အမှာစကား၌ တပ် မတော်သည် တိုင်းရင်းသား ပြည် သူလူထုက ပေါက်ဖွားလာသည့် ပြည်သူ့တပ်မတော်ဖြစ်သည်နှင့် အညီ နိုင်ငံတော်နှင့် ပြည်သူလူထု ကို ကိုယ်စားပြုရသည့် အဖွဲ့ အစည်းဖြစ်ကြောင်း၊ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်များကို နိုင်ငံ တော်အစိုးရနှင့် တပ်မတော်က တက်ကြွစွာ ဦးဆောင် ဆောင် ရွက်နေခြင်းသည် အင်အားချည့် နဲ့နေ၍မဟုတ်ကြောင်း ထည့် သွင်း ပြောကြားမှုများအပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်များက ဝေဖန်ခဲ့သည်။

7Day

0 comments:

Post a Comment