Wednesday, July 25, 2018

ကရင်ပြည်နယ်က ရေဘေးသင့်ပြည်သူတွေဆီ ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိ


လူဦးရေတစ်သောင်းကျော် ရေဘေးသင့်နေတဲ့ ကရင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက ရောက်ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဘေးသင့်ပြည်သူတွေကို တွေ့ဆုံအားပေးဖို့ ဘားအံမြို့ က ရေဘေးကယ် ဆယ်ရေး စခန်းတွေကို ကနဦး သွားရောက်နေပါတယ်။ အခုရက်ပိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးတာနဲ့မြစ်နေမြင့်တက်လာတာတွေကြောင့် ကရင်ပြည်နယ် ၊မွန်ပြည်နယ် ၊ ပဲခူးတိုင်းနဲ့ တနသာင်္ရီတိုင်း တို့မှာ ရေဘေးရင်ဆိုင်နေရတာပါ။ ကရင်ပြည်နယ်ကတော့ ရေဘေးသင့်ပြည်သူအများဆုံးရှိနေပြီး ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ တစ်သောင်းတစ်ထောင်လောက် ခိုလှုံနေရတယ်လို့ သိရပါတယ်။ ပထမတော့ ဒ်ါအောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူတွေရဲ့ စကားဝိုင်းကို ဘားအံမြို့ ဇွဲကပင် ခန်းမမှာ ဒီကနေ့ ပြုလုပ်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝဘေးခံစားနေရတဲ့ ပြည်သူတွေကို တွေ့ဆုံဖို့အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးခဲ့တာလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီး တစ်ဦးက ဆိုပါတယ်။ ဒေသခံပြည်သူတွေနဲ့စကားဝိုင်းကို ဘယ်တော့ပြန်လုပ်ဖြစ်မယ်တော့ မသိရသေးပါဘူး။ 7Day

0 comments:

Post a Comment