Wednesday, July 18, 2018

အစိုးရနှင့် ကေအိုင်အို ရက်ပိုင်းအတွင်း တွေ့ဆုံရန်စီစဉ်


အစိုးရနှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) ခေါင်းဆောင်ကိုယ်စားလှယ်များ မကြာမီရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။

‘‘ရက်ပိုင်းအတွင်း ဖြစ်နိုင် တယ်။ ၂၀ ရက်ဝန်းကျင်လောက် ပေါ့။ တွေ့တာတော့ နိုင်ငံခြားမှာ တွေ့မယ်’’ဟု KIO ဒုဥက္ကဋ္ဌ ဟောင်း ဒေါက်တာမနာမ်တူးဂျာ က ဇူလိုင် ၁၇ ရက်တွင် ပြော သည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဒေါက်တာမနာမ်တူး ဂျာသည် မကြာမီက ကျင်းပပြီးစီး ခဲ့သည့် ၂၁ ရာစု ပင်လုံသို့ လာ ရောက်သည့် KIO/KIA ကိုယ် စားလှယ် ဗိုလ်ချုပ်ဂွန်မော်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။

တိုင်းရင်းသားအရေး လေ့ လာသူ ဦးမောင်မောင်စိုးကလည်း အစိုးရနှင့် KIO တို့ ဇူလိုင် ၁၈ ရက်ခန့်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံမည်ဟု ကြားသိထား ကြောင်း ပြောသည်။

‘‘ချင်းမိုင်မှာကတော့ ပထမ ကြားတာက ဗိုလ်ချုပ်ကြီး အင် ဘန်လ (KIO ဥက္ကဋ္ဌ)နဲ့ တွေ့မယ် လို့ ကြားပါတယ်။ အတိအကျ တော့ ဘယ်သူပါမလဲတော့ ကျွန်တော်တို့ မသိသေးဘူး’’ဟု ဦးမောင်မောင်စိုးက ပြောသည်။

အစိုးရ၏ ဆွေးနွေးရေးကိုယ် စားလှယ်အဖွဲ့ ငြိမ်းချမ်းရေးကော် မရှင် အကြံပေး ဦးလှမောင်ရွှေက ‘‘ညီလာခံ ပြီးတာနဲ့ နောက်ညီလာ ခံအတွက် ပြင်ဆင်မှုတွေကို အ လွတ်သဘောဆွေးနွေးပွဲကနေ ပြန်စဖို့ လုပ်နေတယ်။ အဲဒါက လည်း ရက်ပိုင်းအတွင်းမှာ စမယ်’’ဟု ပြောကြားသည်။

ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက လည်း ရက်ပိုင်းအတွင်း ချင်းမိုင် ခရီးစဉ်သွားရန် ရှိသည်ဟု ဇူလိုင် ၁၆ ရက်က ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့၌ ပြောကြားသည်။

အစိုးရကိုယ်စားလှယ်များ အနေဖြင့် မည်သည့်အဖွဲ့နှင့် မည် သည့်ရက်တွင် တွေ့ဆုံညှိနှိုင်း မည်ဆိုသည်ကို အတည်ပြုပေး ခြင်းမရှိသေးပေ။

KIO အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များသည် ၂၁ ရာစု ပင်လုံအစည်းအဝေးသို့ လာ ရောက်စဉ် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ခေါင်း ဆောင်များကို သီးခြားစီအဖွဲ့ခွဲ ကာ တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်းရန် ဆက် လက်လုပ်ဆောင်မည်ဖြစ်ကြောင်းနှစ်ဖက်စလုံးက   ထုတ်ဖော်ပြော ကြားခဲ့သည်။

7Day

0 comments:

Post a Comment