မိုးအားကောင်းမွန်မှုကြောင့် ကရင်ပြည်နယ်ဒေသတွင်းမြစ်၊ ချောင်းများ၏ မြစ်ရေချိန်မှာ စိုးရိမ်ရေအမှတ်အနီးနှင့် စိုးရိမ်ရေအမှတ်အထက်တွင် ရှိနေကြောင်း ပြည်နယ်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကရင်ပြည်နယ် ဒေသအသီးသီးရှိ မြစ်ချောင်းများတွင် စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိခြင်းကြောင့် ကရင်ပြည်နယ်လှိုင်း ဘွဲ့မြို့နယ်တွင်လည်းကောင်း၊ မြ၀တီမြို့နယ်တွင်လည်းကောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ဘားအံမြို့နယ်တွင်လည်းကောင်း မြစ်ရေလျှံတက်မှု ဖြစ်ပေါ်ကာ ရေကြီးရေလွှမ်းမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီ တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၈၄၁ စင်တီမီတာသို့ လည်းကောင်း၊ သံလွင်မြစ် (ရွှေဂွန်း) တွင် စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာကို ကျော်လွန်ကာ ၁၀၇၀ စင်တီမီတာသို့လည်းကောင်း၊ သံလွင်မြစ် (ကမမောင်းမြို့) တွင် စိုးရိမ်ရေအမှတ် ၆၇၈ စင်တီမီတာအနီး ၆၅၃ စင်တီမီတာသို့လည်းကောင်း၊ ယွန်းစလင်းမြစ်သည် ၎င်း၏ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအနီး ၅၀၀ စင်တီမီတာသို့လည်းကောင်း၊ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၄၇၇ စင်တီမီတာအနီး ၄၀၀ စင်တီမီတာသို့လည်းကောင်း၊ လှိုင်းဘွဲချောင်းသည် ၎င်း၏စိုးရိမ်ရေအမှတ် ၉၈၀ စင်တီမီတာကို ကျော်လွန်ကာ ၁၀၄၅ စင်တီမီတာသို့လည်းကောင်း၊ ဟောင်သရောမြစ်သည် စိုးရိမ်ရေအမှတ် ၅၃၀ စင်တီမီတာအနီး ၅၁၅ စင်တီမီတာသို့လည်းကောင်း အသီးသီး ရောက်ရှိနေကြောင်း သိရသည်။
စိုးစိုး (ဘားအံ)
Eleven Media Group
0 comments:
Post a Comment