Sunday, July 22, 2018

မြန်မာနိုင်ငံတွင် ဘီပိုးဖြစ်ပွားသူ ၆.၅ ရာခိုင်နှုန်းရှိပြီး စီပိုးဖြစ်ပွားသူ ၂.၆ ရာခိုင်နှုန်းရှိကာ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားသူများပြားဟု ဆို

မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ အသည်းရောင်အသားဝါဘီပိုးဖြစ်ပွားသူ ၆.၅ ရာခိုင်နှုန်းရှိပြီး စီပိုးဖြစ်ပွားသူ ၂.၆ ရာခိုင်နှုန်းရှိကာ နိုင်ငံလူဦးရေနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွားသူများပြားကြောင်း မြောက်ဥက္ကလာအထွေထွေရောဂါကု ဆေးရုံကြီးအသည်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းဝင်းဆွေက ပြောသည်။
“ အသည်းရောင်အသားဝါရောဂါဆိုတာ ဘယ်သူ့မှာဘီပိုးရှိတယ်။ဘယ်သူ့မှာ စီပိုးရှိတယ်ဆိုတာကို မသိနိုင်ပါဘူး။ သွေးဖောက်စစ်ဆေးမှသိနိုင်ပါတယ်။ နောက်ပြီးတော့အသည်းရောင်အသားဝါဘီပိုးနဲ့ စီပိုးဟာ မြန်မာနိုင်ငံမှာဆိုလို့ရှိရင် ဘီပိုးဟာ ၆.၅ ရာခိုင်နှုန်းရှိပြီးတော့ စီပိုးကတော့ ၂.၆ ရာခိုင်နှုန်းရှိပါတယ်။ ဒီအရေအတွက်ဟာ ဆိုလို့ရှိရင် မြန်မာနိုင်င့ရဲ့ ပြည်သူလူထုအနေအထားနဲ့ဆိုရင် များပြားလှတာကြောင့် အသည်းရောင်အသားဝါဖြစ်ပွားမှုဟာများပြားလွန်းတယ်လို့ပြောလို့ရပါတယ်။ အသည်းရောင်အသားဝါ ဖြစ်ပွားတဲ့သူတွေဟာလူကောင်းအတိုင်းနေထိုင်ပြီး တကယ်တမ်းရောဂါလက္ခဏာပြမှ ကင်ဆာဖြစ်မှ သိရတယ်ဆိုလို့ရှိရင် နစ်နာဆုံးရှုံးမှုတွေအများကြီးရှိပါတယ်’’ ဟု မြောက်ဥက္ကလာအထွေထွေရောဂါကု ဆေးရုံကြီးအသည်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းဝင်းဆွေက ပြောသည်။ ထို့ကြောင့် ဘီပိုး၊ စီပိုးနှင့်ပတ်သက်၍ စစ်ဆေးကြည့်ရန်လိုအပ်ပြီး ကာကွယ်ဆေးထိုးသင့်ကာ ရောဂါရှိပါက အချိန်မှကုသသင့်ကြောင်း ၄င်းက ဆက်ပြောသည်။ အသည်းရောင်အသားဝါဘီပိုးနှင့်စီပိုးသည် သွေးမှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပြီး တက်တူးထိုးခြင်း၊ မုတ်ဆိတ်ရိတ်ဓါးစသည်တို့ကို မျှဝေသုံးစွဲခြင်းမှကူးစက်နိုင်ကြောင်း သိရသည်။ သို့သော် ယခုအခါ ဘီပိုးရှိသောမိခင်မှလည်း ကလေးထံ မကူးစက်နိုင်စေရန် ကာကွယ်ဆေးထိုး မွေးဖွားနိုင်ပြီဖြစ်ကြောင်း သိရသည်။ မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment