Monday, July 23, 2018

နေပြည်တော်ထိ ချီတက်ဆန္ဒပြရန် ကြိုးပမ်းသည့် တောင်သူများ တားဆီးခံရ


မန္တ​လေးတိုင်းဒေသကြီး၊ ပုသိမ်​ကြီးမြို့နယ်​​၊ အောင်​သ​ပြေ​ကျေးရွာက ဒေသခံ​ တောင်​သူ ၁၀၀ ​ကျော်​ဟာ မြင့်ဘိလပ်​​မြေကုမ္ပဏီ ဖျက်​သိမ်း​ပေးရေးနဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဖြုတ်​ချ​ပေး​ရေး​ နေပြည်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးစားရာမှာ တားဆီးပိတ်ပင်ခံခဲ့ရပါတယ်။

ဒီကနေ့မနက်က ပုသိမ်​ကြီး မြို့ဝင်​ဆိုင်းဘုတ်​နေရာကနေ နေပြည်​​တော်​အထိ ချီတက်​​တောင်းဆိုဖို့ ရွာသားတွေ ထွက်လာရာမှာ ကြာနီကန်​ ရဲကင်း​ရှေ့မှာ တားဆီး ပိတ်​ပင်​ခံရတာကြောင့် ဒေသခံ​တောင်​သူ​တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပွားခဲ့ပါတယ်​။

ဦး​ဆောင်​ဆန္ဒပြသူ ဦး​ရွှေအုန်းက “​အောင်​သ​ပြေ​ကျေးရွာ​ တောင်​သူ​တွေအ​နေနဲ့ မြင့် ဘိလပ်​​မြေ ကုမ္ပဏီဖျက်​သိမ်း​ပေး​ရေးနဲ့ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးကို အ​ရေးယူ​ပေးဖို့ ရတဲ့နည်းနဲ့ ​ရှေ့ဆက်​ပြီး​ ချီတက်​​တောင်းဆိုသွားမယ်​”လို့ ပြောပါတယ်​။

ပုသိမ်​ကြီး မြို့နယ်​ရဲမှူး မျိုညွန့်​သန်းက “ခွင့်ပြုချက် မပေးထားဘဲ ချီတက်လာလို့ပါ။  ပြီးတော့ ကျနော်တို့ နယ်မြေ​တွေ​ ကျော်​ဖြတ်​သွားမှာမို့လို့ မ​ပေးဘဲ တားမြစ်​ရတာဖြစ်​တယ်​”လို့ ပြောပါတယ်။

ဆန္ဒပြ ​အောင်​သ​ပြေ​ကျေးရွာက​ ဒေသခံ​တောင်​သူ​တွေဟာ တခြားလမ်းဘက်​​နေ နေပြည်တော်ထိ ဆက်​လက်​ချီတက်​ဖို့ ပြင်​ဆင်​​နေကြပါတယ်။


DVB


0 comments:

Post a Comment