Friday, July 20, 2018

ကယားပြည်​နယ်​ဝန်​ကြီးချုပ်​နှင့် တွေ့ဆုံပွဲမှ ကရင်​နီလူငယ်​များကန့်ကွက်ထွက်ခွာ


ကယားပြည်​နယ်​၊ လွိုင်ေ​ကာ်​မြို့မှာ ​ဗိုလ်​ချုပ်​​အောင်​ဆန်းမြင်းစီး​ကြေးရုပ်​ထားရှိဖို့ ကန့်​ကွက်​မှု​တွေရှိ​နေတာ​ကြောင့် ပြည်​နယ်​အစိုးရအဖွဲ့က ကရင်​နီလူငယ်​​ထု ကိုယ်​စား လှယ်​​တွေကို အစိုးရအဖွဲ့ရုံးမှာ ဒီ​မနက်​ ၉ နာရီလောက်​က ​ခေါ်ယူ​တွေ့ ဆုံခဲ့ပါတယ်​။

ပြည်​နယ်​ဝန်​ကြီးချုပ်​အ​နေနဲ့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကိစ္စအ​ပေါ် တဖက်​သတ်​ ဆုံးဖြတ်​တယ်ဆိုပြီး ခုလို​​တွေ့ဆုံ​ဆွေး​နွေး​နေဆဲမှာ ကရင်​နီ​လူငယ်​​တွေက ကန့်ကွက်တဲ့နေနဲ့ အစည်း အ​ဝေးခန်းမက​နေ ထွက်​ပြန်​လာခဲ့တယ်​လို့ ဆိုပါတယ်​။

ခုလို ထွက်​ပြန်​ခဲ့ရတာနဲ့ ပတ်​သက်​လို့ ကရင်​နီလူငယ်​ထုရဲ့ ​ပြော​ရေးဆို​ခွင့်​ရှိသူ ခွန်းဘားနဒ်​ဘုတ်​က “ကျ​နော်​တို့ ​တောင်းဆိုတာက​တော့ ဗိုလ်​ချုပ်​​ကြေးရုပ်​ တည်​​ဆောက်​​နေတာကို ရပ်​တန့်​ထားဖို့ဖြစ်​တယ်​။ ဒါ​ပေမယ့် ကျ​နော်​တို့ ကန့်​ကွက်​တဲ့ အစုအဖွဲ့​တွေကို အ​လေးထားပြီး ညှိနှိုင်း​ဆောင်​ရွက်​တာမျိုး မ​ပေါက်​ပဲနဲ့ တစ်​ဖက်​သတ်​ ​ဆောက်​ကို ​ဆောက်​မယ်​ဆိုတဲ့ အ​နေအထားမျိုးနဲ့ ​ခေါ်ယူ​တွေ့ဆုံတာပဲလို့ ကျ​နော်​တို့မြင်​တယ်​” လို့ ​ပြောပါတယ်​။

ဒါ့အပြင်​ ကရင်​နီတွေရဲ့ သမိုင်း​ကြောင်းအရ တည်​ရှိမှုကို အပြန်​အလှန်​​လေးစား အသိအမှတ်​ပြုတာ​တွေ မရှိမတဲ့အပေါ် ကရင်​နီလူငယ်​အင်​အားစု​တွေက​ ဆက်လက် ကန့်​ကွက်​သွားမယ်​လို့ ခွန်းဘားနဒ်ဘုတ်က ​​ ပြောပါတယ်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ကို လွိုင်​​ကော်​မြို့မှာ ထားရှိဖို့ လုပ်​​ဆောင်​​နေတာကို ကရင်​နီ လက်​နက်​ကိုင်​အဖွဲ့အစည်း​၊ စာ​ပေနှင့်​ ယဉ်​​ကျေးမှုအဖွဲ့၊ ပါတီနဲ့ ကရင်​နီလူ​ငယ်​ထုစတဲ့ အဖွဲ့အစည်း ၂ဝ ​လောက်​က ကန့်​ကွက်​​ထားပါတယ်​။

လက်ရှိအချိန်မှာ ​​ပြည်​နယ်​အစိုးရအဖွဲ့က ဗိုလ်​ချုပ်​​ကြေးရုပ်​ကို ​ထောက်​ခံတဲ့ လူထုသ​ဘောထား​ ကောက်​ယူ​နေပြီး ကရင်​နီလူငယ်​ထုဘက်​ကလည်း ကန့်​ကွက်​တဲ့ လူထုသ​ဘောထား​တွေ ​ကောက်​ယူ​နေတာ ၄ ​သောင်း​ကျော်​အထိ ရ​နေပြီဖြစ်ပါတယ်​။

ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိမှာကို ပြီးခဲ့တဲ့ ဇူလိုင်​ ၃ ရက်​​နေ့က လွိုင်ကော်မှာ ကန့်​ကွက်​ဆန္ဒပြခဲ့ရာမှာ ပါဝင်​ခဲ့တဲ့ ကရင်​နီလူငယ် ၁၆ ဦးကို အစိုးရ အာဏာပိုင်​​တွေက ငြိမ်းစုစီ ပုဒ်​မ (၁၉) (၂ဝ) နဲ့တရားစွဲဆိုထားပါတယ်​။

ဒါ့အပြင်​ ကရင်​နီသမိုင်းအမှန်​စာရွက်​​တွေကို ဖြန့်​​ဝေခဲ့တဲ့ လူငယ်​ ၁၃ ဦးကိုလည်း ရာဇသတ်​ကြီး ပုဒ်​မ-၅ဝ၅ (ခ)(ဂ) နဲ့ တရားစွဲဆိုထားပါ​တယ်​။

သတင်း၊ ဓာတ်​ပုံ-ခွန်းတူးတူး​လေး
DVB

0 comments:

Post a Comment