Thursday, July 19, 2018

သီဟတင်စိုးကို လီဆယ်အမှုဖွင့်သူများနှင့် ထွန်းတောက်အကျိုးဆောင်ပိုင်ရှင်တို့ကို ထောင် ၁၀ နှစ်ထိ ချနိုင်သော ပုဒ်မဖြင့် အမှုဖွင့်


အဓမ္မပြုကျင့်မှုဖြင့် သရုပ်ဆောင်သီဟတင်စိုးကို လိမ်ညာတိုင်တန်းသော အိမ်အကူအမျိုးသမီးကို စေလွှတ်ခဲ့သူ  ထွန်းတောက်အကျိုးဆောင်လုပ်ငန်းပိုင်ရှင်ကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ  ရဲအရာရှိတစ်ဦးက ပြောသည်။

သီဟတင်စိုးကို လိမ်ညာတိုင်တန်းခဲ့မှုနှင့်ပတ်သက်ပြီး အိမ်အကူအမျိုးသမီး၊ ပွဲစားနှင့် အကျိုးဆောင်လုပ်ငန်းရှင်တို့ကို သုဝဏ္ဏနယ်မြေရဲစခန်းက မတရားခြိမ်း ခြောက် ငွေညှစ်တောင်းခံမှု ပုဒ်မ၃၈၉ ဖြင့် အမှုဖွင့်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် အကျိုးဆောင်လုပ်ငန်း ရှင်အမျိုးသမီးကို ဖမ်းဆီးနိုင်ရေး စုံစမ်းနေသည်။

သရုပ်ဆောင်သီဟတင်စိုး က ၎င်း၏နေအိမ်တွင် အလုပ်လုပ်နေသည့် အသက်(၄၀)အရွယ် အိမ်အကူအမျိုးသမီးကို အဓမ္မပြုကျင့်သည်ဆိုကာ သုဝဏ္ဏနယ်မြေရဲစခန်း၌ လိမ်ညာတိုင်တန်းသည့် အိမ်အကူနှင့် ပွဲစားကို  ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နောက်ကွယ်တွင်ပါဝင်သည့် အကျိုးဆောင်လုပ်ငန်းရှင် ဒေါ်မြင့်ကိုပါ  သရုပ်ဆောင်ဇင်မာဦးက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခြင်းဖြစ်သည်။

အဆိုပါအမှုစတင်ဖြစ်ပွား ချိန် လူမှုကွန်ရက်တွင် ဝေဖန်ရေး သားသည့် မှတ်ချက်များအနက် ထွန်းတောက်အကျိုးဆောင် လုပ်ငန်းမှ ဦးဌေးဝင်းဆိုသူ၏အမည် ပါဝင်သော်လည်း ယခုဖမ်းဆီး အမှုဖွင့်ထားသူများ၌ ၎င်းပါ ၀င်ခြင်း မရှိပေ။

‘‘ဇင်မာဦးက တရားလိုအ နေနဲ့ သုံးယောက်စလုံးကို ဖွင့်ထား တယ်။ ဓာတ်ပုံထဲက နှစ်ယောက် ရယ်၊ ထွန်းတောက်က  ပိုင်ရှင် ဒေါ်မြင့်ရယ်။ လောလောလတ် လတ် သူ့ကိုငွေလာညှစ်တဲ့ သုံး ယောက်ကိုဖွင့်တာ။ သူတိုင်တဲ့ အထဲမှာတော့ ဦးဌေးဝင်းမပါဘူး။ သူတိုင်တဲ့ သုံးယောက်ကိုပဲ အမှု ဖွင့်ထားတာ။ ဒေါ်မြင့်ကတော့ ထွက်ပြေးနေတယ်’’ဟု အရှေ့ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ဆိုသည်။ 

အိမ်အကူအမျိုးသမီးသည် သီဟတင်စိုးနေအိမ်တွင် ဇူလိုင် ၅ ရက်က စတင်အလုပ်လုပ်ကိုင် ခဲ့ပြီး ဇူလိုင် ၁၃ ရက် ညတွင် သီဟတင်စိုးအရက်မူးပြီး ပြန်လာချိန် ၎င်းကို အဓမ္မပြုခဲ့သည်ဟု တိုင်ကြားခဲ့သည်။

ထို့နောက် သီဟတင်စိုး မိသားစုထံမှ ကျပ်သိန်း ၁၀၀ လျော်ကြေးတောင်းသော်လည်း မရရှိသဖြင့် အမှုဖွင့်တိုင်ကြားခြင်းဖြစ် ပြီး ပွဲစားဒေါ်ညိုသည်လည်း  ပဲခူး အမှတ်(၃)နယ်မြေရဲစခန်းနှင့် သာကေတနယ်မြေရဲစခန်းတို့ တွင် အလားတူ အမှုဖွင့် တိုင်ကြားသည့် အိမ်အကူ၏ အကျိုးဆောင်ပွဲစားဖြစ်နေကြောင်း စိစစ်တွေ့ရှိခဲ့သည်။ ထို့ ပြင် သာကေတအမှုတွင် စွပ်စွဲခံရသူဘက်က အမှုဖွင့်သူ အိမ်အကူအား ကျပ်သိန်း ၁၅၀ လျော်ကြေးပေးသဖြင့် အမှုကျေအေးပေးခဲ့သည့် ဖြစ်စဉ် လည်းရှိထားကြောင်း ပေါ်ပေါက် ခဲ့သည်။ 

ထွန်းတောက်အကျိုးဆောင် လုပ်ငန်းရှင်ကို ထပ်မံအမှုဖွင့်ခြင်းနှင့်ပတ်သက်ပြီး  တာမွေမြို့နယ် ၁၅၃ လမ်းထိပ်ရှိ ထွန်းတောက်အ ကျိုးဆောင်လုပ်ငန်းသို့ 7Day Daily သတင်းစာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ မရရှိပေ။

7Day




0 comments:

Post a Comment