Wednesday, July 25, 2018

ဝန်ကြီးများကို ပညာပြလိုသည့် ၀န်ထမ်းအချို့ရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော ၀န်ထမ်းများကို ပြည်သူကယုံကြည်လျှင် အစိုးရပြောင်းလည်း လူထု၏စိတ် လုံခြုံတည်ငြိမ်မည်


အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပညာပြလိုသည့် ၀န်ထမ်းအချို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 

နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန (၂) နှစ်ပြည့်နေ့အခမ်း အနားကို ယမန်နေ့ (ဇူလိုင် ၂၅ ရက်)တွင် နေပြည်တော်ရှိအမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ထည့်သွင်းပြော ကြားသည်။ 

‘‘တချို့ကတော့လူ့သဘာဝ အရ ပညာပြချင်တယ်။ တချို့ က၀န်ထမ်းလုပ်ခဲ့တာ ဘယ်နှနှစ် ရှိပြီ၊ ဒီဝန်ကြီးကတော့မနေ့ တစ် နေ့ကမှ ရောက်လာတာ၊ ငါတို့ အနေနဲ့တော့ ပညာပြလို့ရတယ်၊  အဲဒီလိုစိတ်ထားတဲ့ ၀န်ထမ်းတွေ လည်းတချို့ရှိကြတယ်။ ဒီလိုစိတ်  မထားဘဲကိုယ့်ရဲ့ဌာနကို အသစ် ရောက်လာတဲ့ဝန်ကြီးပဲဖြစ်ဖြစ်၊ တခြားဝန်ထမ်းပဲဖြစ်ဖြစ်အမြန် ဆုံးအရည်အချင်းပြည့်ဝအောင်၊ အလုပ်တာဝန်ကို ပြည့်ပြည့်၀၀ ကျေကျေပွန်ပွန်ထမ်းဆောင်နိုင် အောင်ကူညီပံ့ပိုးပေးတယ်ဆိုတာ အင်မတန်မှ ဂုဏ်သိက္ခာရှိတဲ့အ လုပ်ဖြစ်ပါတယ်’’ ဟု နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြော ကြားသည်။ 

ဝန်ထမ်းများက အစိုးရအဖွဲ့  ကိုပံ့ပိုးရာတွင်စေတနာသန့်သန့် ဖြင့် ပံ့ပိုးပေးစေချင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အ ရည်အချင်းသည် လွန်စွာအရေး ကြီးကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ရှင်းပြသည်။ 

ဝန်ထမ်းများကို ပြည်သူလူ ထုက ယုံကြည်မှုရှိပါက အစိုးရအပြောင်းအလဲမည်သို့ပင်ဖြစ်စေလူထု၏ စိတ်တည်ငြိမ်မှု၊ ကျေနပ်မှု၊ လုံခြုံမှုရှိစေကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ 

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၀န်ထမ်း များအနေဖြင့်  အငြိမ်းစားယူချိန်တွင်လုပ်ကိုင်ခဲ့သည့် အလုပ်အ တွက် နောင်တမရစေရန် ဆောင် ရွက် သင့်ကြောင်းနှင့် ယင်းသို့ လုပ်ဆောင်ခြင်းသည် တစ်ဦး ချင်း၊ တစ်ယောက်ချင်းအတွက် မဟုတ်ဘဲနိုင်ငံအတွက် လွန်စွာ အကျိုးရှိမည်ဖြစ်ကြောင်း တိုက် တွန်းပြောကြားသည်။ 

‘‘နိုင်ငံအတွက် ကျွန်မတို့ လုပ်နေတဲ့အချိန်ဟာ အင်မတန်မှ အဓိကကျတဲ့အချိန်ဖြစ်တယ်။ နောင်မျိုးဆက်သစ်တွေအတွက်  ကျွန်မတို့နိုင်ငံရဲ့ သမိုင်းရဲ့နောက် ခြေလှမ်းအတွက်လမ်းခင်းနေတာ ပါ။ အဲဒီအခွင့်အရေးဆိုတာဟာ မျိုးဆက်တိုင်းရတာမဟုတ်ပါ ဘူး။ လုပ်ချင်ပါတယ်ဆိုလို့လည်း လုပ်လို့ရမှာမဟုတ်ပါဘူး’’ ဟု ၎င်းက ဆိုသည်။

7Day



0 comments:

Post a Comment