Thursday, July 19, 2018

မောင်တောမြို့နယ်၌ လှေ ၁ စီးပေါ်က ဘီယာ၊ စီးကရက်များ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ  လှေ ၁ စီးပေါ်ကနေ ဘီယာ၊ စီးကရက်နဲ့ စားသောက်ကုန်ပစ္စည်းတွေ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၈ ရက် ည ၁၀နာရီခွဲလောက်က  မောင်တောမြို့နယ် ရှေ့တန်းအမှတ်(၄) နယ်ခြားစောင့်တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေ လှည့်ကင်းဆောင်ရွက်ချိန်မှာ  ကျောက်လှေကားဆိပ်ကမ်းမှာ လှေ ၁ စီး ဆိုက်ကပ်ထားတာကို တွေ့ရှိစစ်ဆေးရာမှာ ပိုင်ရှင်မဲ့ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တာပါ။

တွေ့ရှိတဲ့ပစ္စည်းတွေကတော့ Adaman Gold တံဆိပ်ပါ ဘီယာ ၁၉၅ ဖာ၊ ဆာလာအိတ်နဲ့  ထုတ်ထားတဲ့ မျှောပိုက် ၁၁ ထုတ်၊ Marble တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Premier Gold တံဆိပ်ပါ စီးကရက် ၅ ဖာ၊ Rich တံဆိပ်ပါ ကော်ဖီမစ် အထုပ်ကြီး ၆၀ ထုပ်တို့ ဖြစ်ပါတယ်။

ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းခဲ့တဲ့ အဆိုပါပစ္စည်းတွေကို  ပြင်ဖြူနယ်မြေရုံးသို့ သယ်ယူ ပို့ဆောင်ထိန်းသိမ်းကာ အမှုဖွင့် ဆောင်ရွက်သွားမယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – ပြည်ထဲရေး
DVB

0 comments:

Post a Comment