Monday, July 23, 2018

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူးခြင်း ပဋိက္ခမြင့်မားနေချိန်တွင် အင်းအားသုံးဖြေရှင်းမှုများ မပြုလုပ်သင့်ဟု NLD ပြောကြား


ဗိုလ်ချပ်ကြေးရုပ်စိုက်ထူးခြင်းနှင့် ပတ်သက်ပြီး ကယာပြည်နယ်၌ ပြည်နယ်အစိုးရ အဖွဲ့နှင့် စိုက်ထူးခြင်းကို ကန့်ကွက်သည့် ဒေသခံတချို့ ပဋိပက္ခ မြင့်မားနေချိန်တွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရမှ အင်အားသုံး ဖြေရှင်းမှုများကို မပြုလုပ်သင့်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က The Ladies News သို့ ပြောကြားသည်။


`လတ်တလော ပဋိပက္ခကြီးမားနေစဉ် မှာတော့ အင်းအားသုံးပြီး လုပ်တာမျိုးတော့ မသင့်တော်ဘူးလို့ထင်ပါတယ်` ဟု ၄င်းက ပြောကြားသည်။

ကယားပြည်နယ် ၀န်ကြီးချုပ်ဦးအယ်လ်ဖောင်ရှိုးက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူးခြင်းနှင့် ပတ်သက်ပြီး ပြင်းထန်းသည့် ကန့်ကွက်မှုများ ဆက်လက်ပြုလုပ်ပါက တပ်မတော်ကို အာဏာလွဲကာ ကိုင်တွယ်ဖြေရှင်းခိုင်းမည်ဟု ပြောဆိုကြောင်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း၊ ၀န်ကြီးကမူ သူအနေဖြင့် ထိုသို့ မပြောဆိုကြောင်း သတင်းမီဒီများကို ရှင်းလင်းပြောကြားထားသည်။

ကယာပြည်နယ်ဝန်ကြီးချုပ်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူကမူ `ကယားပြည်နယ် ၀န်ကြီးချုပ်ဦးအယ်လ်ဖောင်ရှိုးရဲ့ ပြောကြားချက်တွေကို လေ့လာကြည့်တဲ့အခါမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးခြင်းကို ကန့်ကွက် ဆန္ဒပြနေတဲ့သူတွေက ဒီထက်ပိုပြီးတော့ နှောင့်ယှက်ဖျက်ဆီးမှုတွေ၊ ဆူပူမှုတွေ ဖြစ်လာမယ် ဆိုရင်တော့ ဒါအင်းအားသုံးပြီး နှိမ်နင်းရမယ်ဆိုတဲ့အကြောင်း တရားဥပဒေ စိုးမိုးရေးအရ လုပ်ပါတယ်လို့ ပြောသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်ပါတယ်` ဟုဆိုသည်။

တရားဥပဒေစိုးမိုးရေးအရ လုပ်ဆောင်ခြင်းမှာ မှန်ကန်သော်လည်း တိုင်းရင်သားအချင်းချင်း ဖြစ်သည့်အတွက် အချိန်ယူပြီး ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းနှင့် ညှိနှိုင်းသည့် နေရာတွင်းလည်း အကုန်လုံးမညှိနှိုင်း နိုင်ရင်တောင်မှ တစ်စိတ်တစ်ပိုင်း သဘောတူညီချက်ရရှိပြီးမှ လုပ်ဆောင်ပါက ယခုပဋိပက္ခသည် ထိုက်သင့်သလောက် ပြေလည်မှု ရရှိသွားမည်ဟု မျှော်လင့်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လတ်တလော အခြေအနေတွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူးခြင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် ကန့်ကွက်သူများကြား ညှိနှိုင်းမှုမှာ ပြေလည်ခြင်းမရှိဘဲ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က ယနေ့ (ဇူလိုင်လ ၂၃ ရက်)တွင် လွိုင်ကော်မြို့၌ သတင်းစာ ရှင်လင်းပွဲ ပြုလုပ်မှာဖြစ်ပြီး ကန့်ကွက်သည့် သူများကလည်း မနက်ဖြန် (ဇလိုင်လ ၂၄ ရက်) တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က ကယားပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းနှင့် ပတ်သက်ပြီး ဒေသခံ ၇၀၀ ကျော်က ကန့်ကွက်ဆန္ဒပြမှု ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် ပြည်နယ်အစိုးရက ကန့်ကွက် ဆန္ဒပြသူ ၂၀ ကျော်အား တရားစွဲဆိုခဲ့သည်။

အောင်ရဲနောင်


The Ladies News

0 comments:

Post a Comment