Wednesday, July 18, 2018

တနင်္သာရီတွင် မိုးကြီးပြီး မြစ်ရေလျှံသဖြင့် ကျောင်း ၁၂ ကျောင်းပိတ်ထားရ လူဦးရေ ၂၀၀ ခန့် ကယ်ဆယ်ရေးစခန်းရောက်


တနင်္သာရီမြို့နယ်တွင် မိုးကြီးပြီး မြစ်ရေလျှံကာ မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ မူလ တန်းနှင့် အလယ်တန်းကျောင်း ၁၂ ကျောင်းကို ယမန်နေ့ကစ၍ ပိတ်လိုက်ရပြီး လူဦးရေ ၂၀၀ ခန့် ကို ယာယီကယ်ဆယ်ရေးစခန်း များသို့ပြောင်းရွှေ့ထားရကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးရဲမြင့်ဆွေက ပြော သည်။

ဇူလိုင် ၁၄ ရက်ကစ၍ တနင်္သာရီမြစ်ရေသည် မြို့၏ စိုး ရိမ်ရေမှတ် ၁၇ ပေထက်ကျော် လွန်ကာ မြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့တွင်းသို့ ရေများ စတင်ဝင် ရောက်လာသည်။

မြစ်ရေမှာ ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီတိုင်းတာချက်အရ မြို့၏ စိုးရိမ်ရေအမှတ်အထက် ၂ပေ ကျော်သို့ရောက်ရှိနေကာ မိုးဆက် လက်ရွာသွန်းပြီး မြို့၏ စိုးရိမ်ရေ မှတ်အထက် ၅ပေခန့် ဆက်တိုက် မြင့်တက်လာပါက မြို့၏ အနိမ့်ပိုင်းနေထိုင်သူအား လုံးနီးပါး ရေဘေးသင့်နိုင်သည့် အန္တရာယ်ရှိကြောင်း ဦးရဲမြင့်ဆွေ က ပြောကြားသည်။

ထို့ကြောင့် ရေနစ်မြုပ်နေ သည့် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် နေထိုင်သည့် အိမ်ထောင်စု ၃၇ စုကို ရေဘေး လွတ်ရာနေရာများတွင် ဖွင့်လှစ် ထားသည့် ယာယီကူညီကယ် ဆယ်ရေးစခန်းများသို့ပြောင်းရွှေ့ ပေးခြင်း၊ လိုအပ်သည့် စားနပ် ရိက္ခာများ ကူညီထောက်ပံ့ပေး ခြင်းနှင့် လိုအပ်သည့် ကျန်းမာ ရေးစောင့်ရှာက်မှုများကို သက် ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက်ပေး နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

‘‘ရေက ဆက်တိုးနေတယ်။ တစ်နာရီခြားတိုင်း တစ်လက်မ လောက် အနည်းဆုံးတိုးနေတယ်။ ပင်လယ်ဒီရေလည်း အသင့် အတင့်ရှိနေတယ်။ မြို့နယ် အတွင်း အနိမ့်ပိုင်းတချို့နေရာ တွေမှာ ခါးလောက်၊ ရင်ဘတ် လောက်ရှိတယ်။ တချို့နေရာတွေ မှာ ဒူးလောက်ပဲရှိသေးတယ်။ အခု ရွာသတင်းတွေက အဓိက နားထောင်နေပြီး လုပ်စရာရှိတာ ဆက်လုပ်နေပါတယ်’’ဟု ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေသည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ရှင်းပြသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နယ် သည် တနင်္သာရီမြစ် ဖြတ်သန်းစီး ဆင်းရာဒေသဖြစ်ပြီး တိုင်းအတွင်း မိုးကြီးမှုများနှင့် ဒီရေတက်ချိန် ကြုံကြိုက်သဖြင့် မြစ်မှာ မြို့နယ် အတွင်းအထိ ရေကြီး ရေလျှံ ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

ဇူလိုင် ၁၃ ရက်က စတင်၍ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိ အားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ အပါအဝင် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။

7Day


0 comments:

Post a Comment