Tuesday, July 31, 2018

ပြည်​​ထောင်​စုလွှတ်​​တော်​ နာယကတာဝန် ဦးတီခွန်မြတ်လွှဲပြောင်းယူ (ဓာတ်ပုံ)


ဒုတိယအကြိမ် လွှတ်တော်တွေရဲ့ သက်တမ်းတဝက်ပြည့်တဲ့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်နာယက တာဝန်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှဲပြောင်းရယူ လိုက်ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းတ၀က်ကာလမှာတော့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် နာယက အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။
ဒီမနက် ကျင်းပတဲ့ ပြည်​​ထောင်​စုလွှတ်​​တော်​ နာယက လွှဲ​ပြောင်းတဲ့အခမ်းအနားကို နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်​​ထောင်​စုဝန်​ကြီး​တွေတက်​​ရောက်​ခဲ့ကြပါတယ်။
DVB



0 comments:

Post a Comment