Sunday, July 29, 2018

ပညာမဲ့များသည် ရိုးရှင်းသည့်အရာကိုပင် မရှုပ် ရှုပ်အောင်လုပ်နေကြဟု သမ္မတ ပြောကြား တတ်သိပညာရှင်များက မတရားမှု၊ မကောင်းမှုကို ဘယ်တော့မှ မလုပ်ဟုဆို


တတ်သိပညာရှင်များသည် တိုင်းပြည်ကို များစွာအကျိုးပြုနိုင်သည့်အပြင် အရှုပ်များကို ရှင်းအောင်လုပ်နိုင်ပြီး ပညာမဲ့များသည် ရိုးရှင်းသည့်အရာကိုပင် မရှုပ် ရှုပ်အောင် လုပ်နေကြသည်ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက တည်ထောင် ထားသော ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း၏ ဆဋ္ဌမအကြိမ် မြောက် ပညာသင်ဆုချီးမြှင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ LOTTE ဟို တယ်တွင် ကျင်းပရာ နိုင်ငံတော် သမ္မတ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ သည်။

‘‘တကယ် တတ်သိပညာရှင် ဖြစ်သူဟာ အရှုပ်တွေကို ရှင်း အောင်လုပ်နိုင်ပါတယ်။ ပညာမဲ့ တွေအနေနဲ့ကျတော့ ရိုးရှင်းတဲ့ အရာကိုပဲ မရှုပ် ရှုပ်အောင်လုပ် ကြပါတယ်။ ဒါကို ခွဲခြားသိမြင်နိုင် ပါတယ်။ တကယ်တတ်သိပညာ ရှင်တွေအနေနဲ့ မတရားမှု၊ မကောင်းမှုကို မိမိအတွက်ပဲဖြစ် စေ၊ မိမိရဲ့ သားသမီးအတွက်ပဲ ဖြစ်စေ၊ မိမိရဲ့ ဥစ္စာအတွက်ပဲဖြစ် စေ၊ မိမိရဲ့ တိုင်းပြည်အတွက်ပဲ ဖြစ်စေ ဘယ်တော့မှ မလုပ်ပါ ဘူး’’ ဟု သမ္မတက အဆိုပါပွဲတွင် ပြောကြားသည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည် အခြေခံအုတ်မြစ် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်း က ပြောကြားခဲ့သကဲ့သို့ ပညာ ရေးမခိုင်မာဘဲ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ အသိပညာ၊ အတတ်ပညာဖြင့် အမှန်တကယ် ပြည့်စုံသည့် တတ် သိပညာရှင်များသည် တိုင်းပြည် ကို များစွာ အကျိုးပြုနိုင်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။

‘ပညာရှာ ပမာသူဖုန်းစား’ ဟူသည့် စကားပုံအတိုင်း ပညာ ရှာဖွေရာတွင် မိမိကိုယ်ကိုယ် ကျိုးနွံရန်၊ နှိမ့်ချရန်၊ ဆရာက ပေး သမျှပညာကို ရအောင်ယူတတ် ရန်နှင့် ‘ပညာရှာ ပမာကလေး အလား’ဟူသည့်အတိုင်း ကလေး များ၏ ရိုးသားဖြူစင်မှုကဲ့သို့ ပညာရှာသည့်အခါ ရိုးသားသည့် စိတ်ရှိရန်၊ စူးစမ်းဆင်ခြင်စိတ်ရှိ ရန်၊ မသိသည့်ကိစ္စကို တတ် ယောင်ကားမလုပ်ဘဲ ဆရာသမား ကို ခြေခြေမြစ်မြစ် မေးမြန်းလေ့ လာရန် ပညာသင်ဆုပေးပွဲတက် ရောက်လာသည့် ကျောင်းသား လူငယ်များအား သမ္မတက ၎င်း ၏ဘဝ ဖြတ်သန်းမှုအတွေ့အကြုံ များအရ အကြံပြုပြောကြားသည်။

‘‘ပညာရှာရာမှာ အချိန်ကို အပိုင်းအခြား၊ အကန့်အသတ်နဲ့ စနစ်တကျ သုံးတတ်ဖို့လည်းလိုပါ တယ်။ စနစ်တကျ အသုံးမချဘဲနဲ့ ဖုန်းပွတ်နေမယ်၊ လက်ဖက်ရည် ဆိုင်ထိုင်နေမယ်၊ လည်ပတ်နေ မယ်ဆိုရင် အင်မတန်မှ အချိန် တွေ ဆုံးရှုံးပါတယ်’’ဟု လူငယ် များအနေဖြင့် အနာဂတ်နိုင်ငံ တော်အတွက် အချိန်ကို အကျိုးရှိ စွာ အသုံးချကြရန် လိုအပ်ကြောင်း သတိပေးပြောကြားသည်။

ရွှေပါရမီပညာရေးဖောင် ဒေးရှင်းကို ၂၀၁၃ က စတင်တည် ထောင်ခဲ့ရာ ၂၀၁၇ အထိ ကျောင်းသား၊ ကျောင်းသူ ၇၄၄ ဦးအား ကျပ်သိန်း ၉,၄၀၀ ကျော် ပညာသင်ဆု ပေးအပ်ထား ကြောင်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ဆေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္က သိုလ်၊ မြန်မာနိုင်ငံ ရေကြောင်း ပညာတက္ကသိုလ်၊ သတင်းအချက် အလက်နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီးနည်း ပညာတက္ကသိုလ်၊ သူနာပြုတက္က သိုလ်၊ ပညာရေးတက္ကသိုလ်၊ ယဉ်ကျေးမှုတက္ကသိုလ်တို့သို့ တက်ရောက်ရန် ငွေကြေးအခက် အခဲရှိသူများအား ရွှေပါရမီပညာ ရေးဖောင်ဒေးရှင်းက လစဉ် ကျပ် လေးသောင်းမှ တစ်သိန်းအထိ ကျောင်းပြီးသည်အထိ ပံ့ပိုးပေး နေသည်။

နှစ်စဉ် ဒီဇင်ဘာတွင် ပညာသင်ဆု လျှောက်လွှာခေါ်ယူ ပြီး လျှောက်ထားသူများကို ဆရာတော် အရှင်ဆန္ဒာဓိက ကိုယ်တိုင် လူတွေ့မေးမြန်းခြင်း၊ ကွင်းဆင်းလေ့လာခြင်းတို့ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ခြင်းဖြစ် သည်။

7Day

0 comments:

Post a Comment