Monday, July 30, 2018

မြန်မာသင်္ဘောသား ၃ ဦးကို ထိုင်ဝမ်လေတပ် ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်


မြန်မာနိုင်ငံသား ၃ ဦး ဓာတုဗေဒ ယိုစိမ့်မှုဖြစ်ပွားလို့ ဒဏ်ရာရရှိခဲ့ပြီးနောက် သင်္ဘော တစီးပေါ်ကနေ ရဟတ်ယာဉ်နဲ့ သွားရောက် ကယ်ဆယ်ခဲ့ရတယ်လို့  ထိုင်ဝမ်သတင်း ဝက်ဆိုက်မှာဖော်ပြပါတယ်။

“Stellar Orchid” အမည်ရှိသင်္ဘောဟာ ဓာတုဗေဒပစ္စည်းတွေ  ထိုင်ဝမ် အနောက်တောင်ဘက် ကောက်ရှုံ့ ကမ်းရိုးတမ်းဒေသကို သယ်ယူပို့ဆောင်စဉ် မြန်မာ သင်္ဘောသား ၃ ဦးဟာ မျက်လုံးတွေနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိခဲ့တာလို့ စင်ထရယ် သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။

ကမ်းရိုးတမ်းကနေ ရေမိုင် ၁၂၅ မိုင်လောက်ဝေးတဲ့ နေရာကို ကျားယိ ထိုင်ဝမ်လေတပ် အခြေစိုက် စခန်းကနေ ရဟတ်ယာဉ် တစ်စီးစေလွှတ်ခဲ့ပြီး မြန်မာသင်္ဘောသား ၃ ယောက်ကို ကယ်ဆယ်ခဲ့တဲ့တယ်လို့ ဆိုပါတယ်။

စနေနေ့ ည သန်းခေါင်ကျော်လောက်မှာ ကောက်ရှုံ့ဆိပ်ကမ်းမြို့ရှိ ရှောင်ကန်း  လေဆိပ်ကို ရောက်ရှိလာပြီး ဆေးကုသမှုခံယူဖို့ ဆေးရုံကို ဆက်လက်ပို့ဆောင်ပေးခဲ့တယ် သူတို့ရဲ့ အသက်အန္တရယ် စိုးရိမ်စရာမရှိဖူးလို့ ဆိုပါတယ်။

မြန်မာသင်္ဘောသားတွေ ဘယ်လိုဒဏ်ရာရခဲ့တယ်၊ ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ ဓာတုဗေဒ ပစ္စည်း တွေဟာ ဘယ်လို အမျိုးအစားတွေလဲဆိုတာနဲ့ ပတ်သက်ပြီး  အသေးစိတ် မသိရှိရသေးပါဘူး။

ဓာတ်ပုံ -Taiwannews
DVB

0 comments:

Post a Comment