Thursday, July 19, 2018

အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်း (၁)စီး လွှတ်တင်သူရှိခဲ့၍ သက်ဆိုင်ရာက Anti Drone ကိရိယာဖြင့်ပစ်ချခဲ့


ရန်ကုန် အာဇာနည်ဗိမာန်၌ အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် ဒရုန်း (၁)စီး လွှတ်တင်သူရှိခဲ့၍ သက်ဆိုင်ရာက Anti Drone ကိရိယာဖြင့်ပစ်ချခဲ့ကြောင်း ပြည်ထဲရေးက ယနေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ၈နာရီ ၅၀မိနစ်အချိန်က ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်ရှိ အာဇာနည်ဗိမာန်၌ (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပနေစဉ် အာဇာနည်ဗိမာန် အနီးသို့ သွေးဆေးကန်ဘက်မှ Drone (၁)စီး လွှတ်တင်သည်ကို တွေ့ရှိရသဖြင့် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် Anti Drone ကိရိယာဖြင့် ရွှေတိဂုံဘုရားဘက်မှ ပစ်ချခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်ကို တွေ့ရသည်။

ထိုသို့ ပစ်ချမှုကြောင့် Drone မှာ သူရဲကောင်း စစ်သည်ဗိမာန်အတွင်း ပျက်ကျသွားခဲ့သည်ဟု သိရသည်။

အဆိုပါ Drone မှာ Memory Card မပါရှိဘဲ Rakhine Freedom Journalist စာတမ်းပါ P4 အမျိုးအစား ဖြစ်ကြောင်းနှင့် မှုခင်းရဲတပ်ဖွဲ့မှ သိမ်းဆည်း ထားကြောင်းဆိုထားသည်။

လုံခြုံရေးအတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် ရန်ကုန်မြို့တွင်းအပါအ၀င် အခြားသော ကန့်သတ်ထားသောနယ်မြေ များ၌ ဒရုန်းများ လွှတ်မတင်ရန် တားမြစ်ထားသည်။

PNews

0 comments:

Post a Comment