Wednesday, July 25, 2018

ဒေါ်နယ်ထရမ့်၏ သမီး အီဗန်ကာထရမ့် ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်း ရပ်ဆိုင်းတော့မည်


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့သမီး အီဗန်ကာထရမ့်ဟာ သူ့ဖခင်ကို အကြံဉာဏ်ပေးရာမှာ အာရုံစိုက်ဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ ဇူလိုင် ၂၄ ရက်နေ့မှာ ပြောကြားပါတယ်။

“သူ လုပ်ငန်းပြန်စမယ့်အချိန်ကို ပြောကြားတာမျိုးမရှိဘဲ အီဗန်ကာထရမ့်ဟာ သူ့ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်တဲ့ စီးပွားဘက်တွေ၊ ဝန်ထမ်းတွေအတွက် တရားမျှတမှုရှိစေဖို့ သူ့လုပ်ငန်းကို ပိတ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို အီဗန်ကာအနေနဲ့ ခက်ခက်ခဲခဲ ချမှတ်လိုက်တာဖြစ်ပါတယ်” လို့ အီဗန်ကာရဲ့ ကိုယ်စားလှယ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း သူပိုင် စီးပွားရေးလုပ်ငန်းတွေဆီကို ပုံမှန်သွားရောက်လေ့ ရှိသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ သမ္မတအရှိန်အဝါကို သုံးပြီး သူ့ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ ဝေဖန်ခံနေရပါတယ်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေက ထရမ့်ပိုင် နိုင်ငံတကာဟိုတယ်မှာ အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့ပေမယ့် ဆန့်ကျင်သူတွေကတော့ ထရမ့်မိသားစုပိုင် စီးပွားရေး လုပ်ငန်းတွေကို အားမပေဖို့ နှိုးဆော်ထားကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

DVB

0 comments:

Post a Comment