Sunday, July 29, 2018

ရန်ကုန်-မော်လမြိုင်လမ်း ပိတ်ထားသဖြင့် စက်သုံးဆီဆိုင် နှစ်ဆိုင် ရောင်းချမှု ရပ်ဆိုင်းထား


ဘီးလင်းမြို့နယ် အတွင်း ရေကြီးမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး ပိတ်ထားသဖြင့် မော်လမြိုင်မြို့ တွင် ဓာတ်ဆီပြတ်လပ်မှုများ ကြုံ တွေ့ကာ စက်သုံးဆီဆိုင် နှစ်ဆိုင်ရောင်းချမှု ရပ်ဆိုင်းထားကြောင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချရေးအ သင်းခွဲ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးစိန်တင်က ပြောသည်။
မော်လမြိုင်မြို့ရှိ ရာဇာမင်း စက်သုံးဆီဆိုင်နှင့် Denko စက် သုံးဆီဆိုင်တို့၌ ဓာတ်ဆီပြတ်လပ်သွားသဖြင့် ဇူလိုင် ၂၈ ရက်တွင် ဓာတ်ဆီရောင်းချမှု ပိတ်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဆီကားတွေက ဘီးလင်း မြို့မှာ သောင်တင်နေတယ်။ လမ်း ဖွင့်တာနဲ့ ကျွန်တော်တို့ဆီကို ရောက်မယ်။ ဘီးလင်းလမ်းမဖွင့် တော့ လာလို့မရတာ တစ်ခုပဲ။ ဆီတွေက နောက်ထပ်ငါးရက်အထိ အသုံးပြုလို့ ရနိုင်သေးတယ်။ ဆိုင်တွေကိုတော့ များများလာဝယ် ရင် မရောင်းဖို့တော့ သတိပေး ထားတယ်။ နောက်ထပ်ငါးရက် မှာ လမ်းမဖွင့်နိုင်သေးရင် သက် ဆိုင်ရာအစိုးရနဲ့ ညှိနှိုင်းသွားမယ်။ ပြည်သူတွေ စက်သုံးဆီကိစ္စနဲ့ မစိုးရိမ်ပါနဲ့။ အဆင်ပြေအောင် လုပ်သွားမယ်။ ဒီဇယ်ဆီက လုံ လောက်မှု ရှိတယ်’’ဟု ဦးစိန်တင် က ပြောသည်။

မွန်ပြည်နယ်တွင် ဇူလိုင် ၂၉ ရက်အထိ စက်သုံးဆီ ပေါက်ဈေး 92 တစ်လီတာလျှင် ကျပ် ၈၄၀၊ 95 တစ်လီတာလျှင် ကျပ် ၈၈၀ နှင့် ဒီဇယ် ကျပ် ၈၇၀ ဖြစ်သည်။

‘‘ကျွန်တော်တို့မှာ သုံးရက် လောက် ရောင်းလို့ရတဲ့ ဆီတွေ ရှိ နေတယ်။ ထိန်းရောင်းသွား မယ်။ တခြားမြို့ဆိုင်တွေမှာ ဓာတ်ဆီ ပြတ်လို့ ပိတ်ထားရတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ဆီမှာ မပြတ်သေးဘူး။ ဈေးလည်း များ များ မရောင်းဘူး။ ပုံမှန်အတိုင်း ပါပဲ’’ဟု ပေါင်မြို့နယ်ရှိ စက်သုံး ဆီ ဖြန့်ဖြူးရောင်းချသည့် ဆိုင်၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

7Day



0 comments:

Post a Comment