Monday, July 23, 2018

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း အမျိုးဘာသာစောင့်ရှောက်ရေး ဆက်လုပ်မည်


ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းအသင်းအနေနဲ့ ဥပဒေအရ ညိစွန်းတာတွေမရှိတဲ့အတွက် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းရဲ့ ပြောရေးဆိုခွင့် ရှိသူ အရှင်ဒေါက်တာ သောပါက မိန့်ကြားပါတယ်။


ဇူလိုင်လ ၂ဝ ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ နိုင်ငံတော် သံဃမဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးမှာ အရင် မဘသကို နာမည်ပြောင်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအနေနဲ့ အမှု ကိစ္စ မဆောင်ရွက်ဖို့နဲ့ ပရဟိတ ဖောင်ဒေးရှင်းဆိုင်းဘုတ် တွေကို ၄၅ ရက်အတွင်းဖြုတ်ချပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအနေနဲ့တော့ ပရဟိတ အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆရာတော် အရှင် ဒေါက်တာ သောပါက ဒီဗွီဘီ ကိုမိန့်ကြားပါတယ်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေမှာရှိတဲ့ ဝိဇယမင်္ဂလာ ဓမ္မသဘင်မှာ ကျင်းပခဲ့တဲ့ မဟနရဲ့ ၄၇ ပါး စုံညီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်မှာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့နာမည်နဲ့ ဆိုင်းဘုတ်တွေကိုလည်း ၄၅ ရက်အတွင်း ဖြုတ်ဖို့ ညွှန်ကြားထားသလို မလိုက်နာပါက သက်ဆိုင်ရာ တည်ဆဲ ဥပဒေနဲ့ အညီ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအနေနဲ့ တရားဝင် သံဃအဖွဲ့အစည်းဆိုင်ရာ ဥပဒေတွေနဲ့ မကိုက်ညီတာ မရှိတဲ့အတွက် အရင်ကအတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းတွေကိုလည်း ဆက်လုပ်သွားမယ်လို့ မိန့်ဆိုသွားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း နာမည်ပြောင်းလဲသတ်မှတ်ခဲ့တာပါ။
DVB


0 comments:

Post a Comment