Friday, July 20, 2018

ရန်ကုန်လမ်းများ မကောင်းသည့်ကိစ္စ ဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ရန်ကုန်မြို့က လမ်းတွေမကောင်းတာနဲ့ပတ်သက်ပြီး  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒီကနေ့မနက် ရန်ကုန်ကနေ ကော့မှူးမြို့ကို မော်တော်ယာဉ်နဲ့ သွားရောက်ရာမှာ တွေ့မြင်ခဲ့ရတဲ့ လမ်းအခြေအနေတွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ပြောဆိုခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “စစချင်း ကော့မှူးကို ဝင်လာကတည်းက လမ်းတွေ ဘယ်လောက်ကောင်းတယ်လို့ တွေ့ရတယ်။ ရန်ကုန်တိုင်းအတွင်းက လမ်းတွေထက် ကောင်းတယ်။ ဒါကို ရှိနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အသိပေးပါတယ်။ ကျမတို့ ရန်ကုန်ကနေ လာတုန်းက လမ်းတွေ မကောင်းဘူး။ ဒီဘက်ကျတော့ လမ်းတွေ ကောင်းတယ်လို့ ” လို့ ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်ဟောင်း ဖြစ်တဲ့ ကော့မှူးမြို့ကို ဒီကနေ့ ဇူလိုင် ၂ဝ ရက်မနက်က ရောက်ရှိလာခဲ့ပြီး ကော့မှုးမြို့နယ်က အစိုးရဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူး ခရီးစဉ်မှာ အောင်ဇမ္ဗူဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဟိုတယ်သင်တန်းကျောင်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment