Sunday, July 22, 2018

အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့်၏ပုံတူရုပ်တုကို ရန်ကုန်တက္ကသိုလ်တွင် ဂုဏ်ပြုထားရှိ


အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ထားရှိခဲ့သည်။ 

ယခင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည့် ဒေါက်တာမျိုးမြင့်ပုံတူ ရုပ်တုဖွင့်ပွဲကို  ဇူလိုင် ၂၂ ရက်က ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်း၊ သုံးခွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စု စုလွင်တို့က ဖွင့်လှစ်ပေးသည်။ 

‘‘သူက အင်မတန်စိတ်ဖြူ တယ်။ သူပေးဖို့ပဲ စဉ်းစားတယ်။ သူယူဖို့ကို ဘယ်တော့မှ မစဉ်းစား ဘူး။ ကျောင်းပြီးတဲ့အချိန်မှာ နိုင် ငံခြားရေးရုံး အလုပ်ခေါ်ပေမယ့် သူသွားမလျှောက်ခဲ့ဘူး။ သူက စကားပြောရင် တဲ့တိုးပြောတဲ့သူ၊ သံအမတ်ဖြစ်ဖို့ဆိုတာက စကား ကို ပရိယာယ်သုံးပြောရတယ်။ တဲ့တိုးစကားတွေပြောလို့မရဘူး။ သူကိုယ်တိုင် သံအမတ်သားဖြစ် နေပေမယ့် ဒီအလုပ်ကို သူမကြိုက်ဘူး။ ဒါပေမဲ့ နိုင်ငံခြားရေးဒုဝန်ကြီး အဖြစ် တာဝန်ပေးခံရချိန်မှာ သူ မပျော်ပေမယ့် ကျရာတာဝန်ကျေ ခဲ့တယ်။ အင်္ဂလိပ်စာနဲ့ပတ်သက် တဲ့ လုပ်ငန်းတော်တော်များများ ဟာ သူ့ဦးနှောက်၊ သူ့အကြံပေးမှု တွေ အများကြီးရှိခဲ့တာပါ’’ ဟု ဒေါ်စုစုလွင်က သူငယ်ချင်း ဒေါက် တာမျိုးမြင့်အကြောင်း ဂုဏ်ယူ ပြောကြားသည်။ 

ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၌ အင်္ဂလိပ်စာဘာသာရပ် ကို အထူးပြုဘာသာရပ်အဖြစ် စတင်သင်ကြားချိန်တွင် ပထမ အသုတ်ကျောင်းသား ၂၅ ဦးခန့် အနက် ဒေါက်တာမျိုးမြင့်နှင့် သမ္မတဟောင်း ဦးထင်ကျော် ဇနီး ဒေါ်စုစုလွင်တို့ ပါဝင်ခဲ့သည်။ 

ဒေါက်တာ မျိုးမြင့်သည် လုပ်သားကောလိပ် ရန်ကုန်တွင် အင်္ဂလိပ်စာနည်းပြအဖြစ် စတင် တာဝန်ထမ်းခဲ့ပြီး ရန်ကုန်ပညာ ရေးတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိ ယပါမောက္ခချုပ်၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပညာရေးဝန်ကြီး ဌာန၌ တာဝန်ယူခဲ့သည်။ 

မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ သင်ကြားရေးဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးထားဆောင်ရွက်ပြီး Global English သင်တန်းများ၊ ဆီမီယိုအင်္ဂလိပ်စာသင်တန်းများ ကို စတင်ဖွင့်လှစ်ရန် ဆောင်ရွက် ခဲ့ကာ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးစာတမ်းများ ရေးသားခဲ့သည်။ 

ဒေါက်တာမျိုးမြင့်သည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမမျာနှင့် ပညာရေး ဝန်ကြီးဌာနအတွက် စံပြခေါင်း ဆောင်တစ်ဦးဖြစ်ခြင်းကြောင့် အင်္ဂလိပ်စာကျောင်းသားများ ပညာဆည်းပူးသည့် ရန်ကုန်တက္က သိုလ် ပင်လုံဆောင်တွင် ပုံတူ ရုပ်တု ဂုဏ်ပြုထုလုပ်ခြင်းဖြစ် ကြောင်း ဒေါက်တာမျိုးသိမ်းကြီး က ဆိုသည်။ 

ဒေါက်တာမျိုးမြင့်သည် အ မျိုးသားပညာရေးမူဝါဒကော်မ ရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထား စဉ် ၂၀၁၇ ဇွန်လ ၂၀ ရက်က ကွယ်လွန်ခဲ့သည်။ 

ဒေါက်တာမျိုးမြင့်ပုံတူရုပ် တုကို တပည့်ကျောင်းသား၊ ကျောင်းသူဟောင်းများထည့်ဝင် ငွေဖြင့် ကျပ် ၄၇ သိန်းအကုန်အကျ ခံထုလုပ်ပြီး ၎င်းကို ဂုဏ်ပြုသည့် အနေဖြင့် ပညာရေးဆိုင်ရာပံ့ပိုးမှု များပြုလုပ်မည့် ဒေါက်တာမျိုးမြင့် ဖောင်ဒေးရှင်းကို ကျောင်းသား၊ ကျောင်းသူဟောင်းများက တည် ထောင်ထားသည်။ 

7Day


0 comments:

Post a Comment