Thursday, July 19, 2018

အာဇာနည်နေ့အကြောင်း ကိုယ်တိုင်ပြောခြင်းထက် အများပြည်သူ၏အမြင်၊ တန်ဖိုးအလေးထားမှုများကိုသိလိုဟု ဒေါ်အောင်ဆန်းစုကြည်ဖွင့်ဟ


အာဇာနည်နေ့နှင့်ပတ် သက်၍ ကိုယ်တိုင်ပြောဆိုခြင်း ထက် အများပြည်သူများ၏လက် ရှိအမြင်၊ တန်ဖိုးအလေးထားမှု များကို သိရှိလိုကြောင်း ဗိုလ်ချုပ် အောင်ဆန်း၏သမီး ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

(၇၁)နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် နိုင်ငံပိုင် မီဒီယာတို့တွေ့ဆုံမေးမြန်းမှုတွင် လူထုခေါင်းဆောင်က ယင်းသို့ ထည့်သွင်းဖြေကြားသည်။

‘‘ပြည်သူတွေပြောတာ နား ထောင်ချင်တာပါ။ အခုဆိုရင် အာဇာနည်နေ့ကို ပြည်သူတွေက ဘယ်လိုမြင်သလဲ။ အထူးသဖြင့် ဖေဖေတို့ကို လုံးဝမမီခဲ့တဲ့ ပြည် သူတွေပေါ့။ အများစုက မမီခဲ့ဘူး။ ဖေဖေတို့ခေတ်ကိုမီခဲ့တဲ့ ပြည်သူ ပြည်သားတွေဆိုတာ အခု လူ နည်းစုဖြစ်သွားပြီ’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရဝပြုသူများကို ကျေးဇူးတင်ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို မေ့လျော့ခြင်း၊ မမေ့လျော့ခြင်းအပေါ် ပြောစရာကိစ္စမဟုတ် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က ယမန်နေ့တွင် နိုင်ငံပိုင် မီဒီယာအား ဖြေကြားသည်။

 ‘‘မမေ့သင့်တဲ့ကိစ္စဆိုရင် ပြည်သူတွေက မေ့မှာမဟုတ်ပါ ဘူး။ မေ့သင့်တဲ့ကိစ္စဆိုလည်း မေ့ သွားမှာပဲ။ အဲဒီတော့ အမေတို့ အနေနဲ့ မမေ့ရဘူး။ မေ့ရမယ်ဆို တာကတော့ ပြောပိုင်ခွင့်တော့မရှိ ပါဘူး။ အားလုံးက တစ်ယောက် ချင်း တစ်ယောက်ချင်း ကိုယ့်ဘာ သာကိုယ်ဆုံးဖြတ်ရမှာပေါ့နော်’’ ဟု ၎င်းက ဆိုသည်။

မိခင်ဒေါ်ခင်ကြည်၏ပြုစုပျိုး ထောင်မှုနှင့်ပတ်သက်၍ အချို့ မိဘများကဲ့သို့ လူကြီးများ၏ပြော စကားကို စောဒကတက်ခြင်း၊ မေး ခွန်းထုတ်ခြင်းဟု ၎င်း၏မိခင်က မပြောဆိုဘဲ အကျိုးအကြောင်း ရှင်းပြခြင်းကို များစွာတန်ဖိုးထား ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

‘‘မေမေ (ဒေါ်ခင်ကြည်)က ဖြောင့်မတ်တယ်။ တည်ကြည် တယ်။ အင်မတန်မှ စည်းကမ်းကြီး တယ်။ တချို့မိတ်တွေက ပြောပါ တယ်။ မေမေက ဖေဖေ့ထက်ကို စည်းကမ်းကြီးတယ်လို့ ပြောပါ တယ်’’ဟု ၎င်းက ဆိုသည်။

မည်သည့်အခက်အခဲ၊ စိန် ခေါ်မှုများနှင့် ရင်ဆိုင်ရသည်ဖြစ် စေ ရင်ဆိုင်ကျော်ဖြတ်နိုင်ပါက မိဘနှစ်ဦး၏ကျေးဇူးကြောင့်ဟု သတ်မှတ်ကြောင်းနှင့် မိခင်ဒေါ် ခင်ကြည်၏သွန်သင်ဆုံးမမှု၊ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏စံနမူနာ ထားဖွယ်စိတ်ဓာတ်များကို လွမ်း ဆွတ်ခြင်းထက် ကျေးဇူးတင်စိတ် ဖြင့် သတိရခြင်းက ပိုများကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟ သည်။

‘‘အမေက ခလုတ်ထိမှ အမိ တတာမျိုးကို သိပ်တော့ မကြိုက် လှဘူး။ ဖေဖေတင်မဟုတ်ပါဘူး။ မေမေရော၊ ဖေဖေရော နှစ် ယောက်စလုံးကို မကြာခဏသတိ ရပါတယ်’’ဟု ၎င်းက ပြောသည်။

မိဘများအနေဖြင့် ကိုယ့် သား၊ သမီးကို ကောင်းမွန်သည့် အမွေအနှစ်ပေးလိုပါက မှန်ကန် စွာနှင့် ကောင်းမွန်စွာနေထိုင်ခြင်း မှာ အကောင်းဆုံးအမွေအနှစ်ဖြစ် ကြောင်းနှင့် လူငယ်များသည် တန်ဖိုးရှိသည့်အချိန်များကို တန်ဖိုးရှိစေရန် အသုံးချသင့်ကြောင်း တိုက်တွန်းသည်။

 ‘‘လူငယ်တွေဆိုတာက တော့ အခွင့်အရေးအများကြီးရှိ တယ်။ ကိုယ့်ကိုယ်ကိုယ် တစ်နေ့ တစ်ချိန်တစ်ခါမှာ ကောင်းမွန်တဲ့၊ မြင့်မြတ်တဲ့၊ အများကို အကျိုးပြု နိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လာဖို့ အ ခွင့်အရေးတွေ အများကြီးရှိတယ်။ ကြိုးစားနိုင်တဲ့အခွင့်အရေးတွေ၊ အချိန်တွေအများကြီးရှိတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအ ခွင့်အရေးတွေက နည်းနည်းသွား တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် လက်ရှိ ဆောင်ရွက်နေမှုများနှင့် ဗိုလ်ချုပ် အောင်ဆန်း၏ဆောင်ရွက်ချက် များအကြား တူညီမှု၊ ကွဲပြားမှုများ အပေါ် အဆိုပါအခြေအနေနှစ်ခု ကို နှိုင်းယှဉ်ရန် မလွယ်ကူဘဲ တူ ညီမှုများသည် အခက်အခဲများစွာ ကို ရင်ဆိုင်ရခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြ သည်။

‘‘ဖေဖေတို့လည်း အခက်အ ခဲတွေ အများကြီးရင်ဆိုင်ခဲ့တယ်။ အမေတို့လည်း အခက်အခဲတွေ အများကြီးရင်ဆိုင်ရတယ်။ ဦး တည်ချက်က နိုင်ငံကောင်းဖို့၊ တည်ငြိမ်ဖို့၊ တိုးတက်ဖို့၊ ညီညွတ် ဖို့ ဦးတည်ချက်တွေကတော့ တူ ညီတယ်လို့ အမေ့အနေနဲ့ ယူဆ တယ်’’ဟု နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများတွင် အထူးခြားဆုံးနှင့် အအောင်မြင် ဆုံးဖြစ်ခဲ့ခြင်းသည် လွတ်လပ်ရေး  ရရှိစေရန် ညှိနှိုင်းဆွေးနွေးခြင်းက ထင်ပေါ်သည့် လုပ်ဆောင်ချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က မှတ်ချက်ပြုသည်။

7Day

0 comments:

Post a Comment