Monday, July 23, 2018

မြစ်ကြီးနားမြို့က ဗိုလ်ချုပ်ရုပ်တုကို သင်္ဘောဆေး​တွေနဲ့​လောင်းသွား

ယမန်နေ့ညက မြစ်ကြီးနားမြို့ ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်မှာထားရှိတဲ့ ဗိုလ်ချုပ်ရုပ်တုကို သင်္ဘောဆေးတွေနဲ့​ တစ်​စုံတစ်​ဦးက ​လောင်းသွားခဲ့ပါတယ်​။
ရုပ်တုရဲ့ မျက်နှာနဲ့ကိုယ်ထည်နေရာတစ်ချို့၊ ရုပ်ထု တင်ထားရာ အုတ်ခုံနေရာတို့မှာ သင်္ဘောဆေးတွေ စွန်းထင်းခဲ့တယ်လို့ သိရပါတယ်။ ရုပ်တုထားရှိရာနေရာကို ခြံစည်းရိုးကျော်ဝင်ရောက်ခဲ့ဟန်ရှိတယ်လို့လည်းသိရပါတယ်။ ဘယ်သူ ဘယ်ဝါက ဘယ်လိုရည်ရွယ်ချက်နဲ့ ​​​​​​​အခုလိုလုပ်သွားတယ်ဆိုတာကိုတာ မသိရှိရသေးပါဘူး။

Photo - ကျော်ဦး Popular News Journal



0 comments:

Post a Comment