Wednesday, July 25, 2018

ဒေါ်အောင်ဆန်းစုကြည် ဘားအံမြို့ကို ရေဘေးကယ်ဆယ်ရေး သွားရောက်


သံလွင်မြစ် ရေကြီးရေလျှံပြီး ရေဘေးနဲ့ ကြုံတွေ့နေရတဲ့ ကရင်ပြည်နယ်၊ မြို့တော် ဘားအံကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မနက်က ရေဘေးကယ်ဆယ်ရေး သွားရောက်နေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အခုရောက်နေပါပြီ။ ကယ်ဆယ်ရေး လာလုပ်တာပါ။” လို့ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ဒီဗွီဘီကို ပြောပါတယ်။

သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ကျော်လွန်နေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ လူနေအိမ်တွေ ရေမြုပ်နေပြီး ရေဘေးသင့် ပြည်သူ ၅၀၀၀ ကျော်လောက် ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရေဘေးသင့် မိသားစုတွေအများဆုံးရှိတဲ့ ရွှေယဉ်မျှော် ရေဘေးကယ်ဆယ်ရေးစခန်းကို သွားရောက်မှာဖြစ်ပါတယ်။

ဒီကနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ၈၅၁ စင်တီမီတာအထိ ရောက်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။




ဓာတ်ပုံ- Saw Chaint Phaung  
DVB

0 comments:

Post a Comment