Thursday, July 5, 2018

မိုင်းဖုန်းဆရာတော်နှင့် ထိုင်းကလေးငယ် ၁၃ ဦး


ဂူအတွင်း ပျောက်ဆုံး နေခဲ့သော ထိုင်း ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ လက်ထောက်ဘော လုံးအသင်းနည်းပြကို ပြန်ရှာတွေ့ရန် ရာခိုင်နှုန်းနည်းပါးနေချိန် တွင် အားလုံးအသက်ရှင်လျက် ပြန်တွေ့မည်ဟု မိုင်းဖုန်းဆရာတော်က မိန့်ကြားရာ ‘‘ဟုတ်မှ ဟုတ်ပါ့မလား’’ဟု သံသယပွား သူ များခဲ့ကြသည်။ သို့သော် နည်း ပညာခေတ်တွင် အရှေ့တိုင်း၏ အံ့သြဖွယ်အစွမ်းကို ဆရာတော် က ပြသခဲ့သည်။ ယင်းသို့ မိန့် ကြားပြီး သုံးရက်မြောက်နေ့တွင် ပြန်တွေ့ခဲ့ပြီးနောက် ဆရာတော် ၏ ဂုဏ်သတင်းသည် မြန်မာနှင့် ထိုင်းနိုင်ငံပြည်သူများအကြား ပိုမို ထင်ရှားလာသည်။

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ တောဝက်လူငယ်ဘော လုံးအသင်းမှ အသက်(၁၁)နှစ်မှ (၁၆)နှစ်ကြား ဘောလုံးသမား ၁၂ ဦးနှင့် (၂၅)နှစ်အရွယ် လက် ထောက်ဘောလုံးအသင်း နည်းပြ သည် မြန်မာ-ထိုင်းနယ်စပ်မှ ထိုင်းနိုင်ငံပိုင်နက်အတွင်းရှိ ဂူတစ်ခုအ တွင်းသို့ ဇွန်လ ၂၃ ရက် နေ့လယ် က ဝင်ရောက်ပြီးနောက် ပြန်ထွက် မလာဘဲ ပျောက်ဆုံးခဲ့ရာ ထိုင်း အစိုးရက နိုင်ငံတော်အဆင့်သတ် မှတ်၍ ရှာဖွေခဲ့သည်။ တစ်ဖက် တွင်လည်း အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ လိုဏ်ဂူပညာရှင် အချို့က ပါဝင်ကူညီ၍ နည်းပညာ မြင့် အထောက်အကူပစ္စည်းများ သုံးကာ ဂူအတွင်း ခက်ခက်ခဲခဲရှာ ဖွေခဲ့သော်လည်း ဇွန်လ ၂၉ ရက် အထိ မည်သည့်သဲလွန်စမျှ မရခဲ့ပေ။ ကမ္ဘာ့ဖလားဘောလုံးပွဲနှင့် တိုက်ဆိုင်နေသော်လည်း ပျောက် ဆုံးထိုင်းကလေးငယ် ၁၃ ဦး၏ သတင်းသည် ကမ္ဘာ့မီဒီယာများ တွင် ဦးစားပေး သတင်းဖြစ်နေ သည်။ ‘‘အကုန်လုံး ရှိနေသေး တယ်။ တစ်ရက်၊ နှစ်ရက်နေရင် ပြန်တွေ့မယ်’’

 ပျောက်ဆုံးခဲ့သည့်နေ့မှ ခုနစ်ရက်အကြာ ဇွန်လ ၂၉ ရက်ညတွင် အဆိုပါဂူနေရာသို့ မိုင်းဖုန်းဆရာ တော်ကြွရောက်လာပြီး ပျောက် ဆုံးနေသူ ၁၃ ဦးစလုံး အန္တရာယ်မရှိဘဲ အသက်ရှင်လျက်ပြန်တွေ့ မည်ဟု မိန့်ကြားခဲ့သည်။ သဲလွန် စပျောက်နေချိန် ၁၃ ဦးစလုံး အသက်ရှင်လျက် ပြန်တွေ့မည်ဟု မိန့်ကြားချက်အပေါ် ဆရာတော် အား ယုံကြည်သူများသလို မယုံ ကြည်သူများလည်း ရှိခဲ့သည်။ ဇွန်လ ၃၀ ရက်တွင်လည်း မိုင်းဖုန်း ဆရာတော်က နောက်တစ်ကြိမ် ပြန်ကြွလာပြီး ဂူအနီး မေတ္တာပို့ အမျှဝေနေခဲ့သည်။ ဇူလိုင် ၂ ရက် ညတွင်မူ ထိုင်းလူငယ် ၁၃ ဦးစလုံး ကို အသက်ရှင်လျက် ကျန်းမာစွာပြန်တွေ့သောအခါ မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ခ်အသုံးပြုသူများကြား မိုင်းဖုန်းဆရာတော်ကြီး၏ဂုဏ် ကျေးဇူးအပေါ် ချီးမွမ်းထောမနာ ပြုကြတော့သည်။ 

ထိုင်းကလေးငယ်များ ပြန် တွေ့ရှိပြီးနောက် ဇူလိုင် ၂ ၊ ၃ ရက်များတွင် ဖေ့စ်ဘွတ်လူမှုကွန်ရက်၌ အပြောအများဆုံးအ ကြောင်းအရာသည် ထိုင်းကလေး ငယ် ၁၃ ဦးနှင့် မိုင်းဖုန်းဆရာတော် အကြောင်းပင်ဖြစ်သည်။

ဂူအောင်းကျင့်စဉ်များကျင့် ခြင်း၊ သက်သတ်လွတ်ဘုန်းပေး ခြင်းနှင့် ကြည်လင်သော ဥပတိရုပ်ရှိပြီး သီလသမာဓိပြည့်စုံသည်ဟု သတင်းကြီးသော ဘဒ္ဒန္တဉာဏသံ ဝရ (သဒ္ဒမ္မဇောတိကဓဇ) ဘွဲ့အမည်ရ သက်တော်(၅၅)နှစ်အရွယ် မိုင်းဖုန်းဆရာတော်သည် ရှမ်းတိုင်းရင်းသားများအပေါ်တွင်သာ မက အိမ်နီးချင်း ထိုင်းနှင့်လာအို နိုင်ငံသားများကလည်း ကိုးကွယ် ကြသည်။ ရှမ်းပြည်နယ်ရှိ မြို့အ ချို့၏ တောင်ကုန်းများပေါ်တွင်  ဆရာတော်ဘုရား ကြွရောက်တည်ထားပေးခဲ့သော မိုင်းဖုန်း စေတီများရှိသည်။ ထို့အပြင် မိုင်းဖုန်းဆရာတော်အား ကြည်ညို လွန်းသော ကိုးကွယ်သူများသည် ဆရာတော်အား ဈာန်ရပုဂ္ဂိုလ်၊ အကြားအမြင်ရပုဂ္ဂိုလ်ဟု ယုံ ကြည်ကြသည်။ ရှမ်းပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်အချို့၏ နေအိမ်များရှိ ဘုရားစင်ပေါ်တွင် မကိုဋ်ဆောင်းထားသည့် မိုင်းဖုန်းဆရာတော်၏ပုံတော်ကို တွေ့မြင်နိုင် သည်။ ရှမ်းလူမျိုးများအပေါ် သြဇာကြီးသောဆရာတော်သည် ၂၀၁၆ နှင့် ၂၀၁၇ တွင် နေပြည် တော်သို့ ကြွရောက်ပြီး နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ တွေ့ဆုံအပူ ဇော်ခံခဲ့သေးသည်။ ထို့အပြင် အဆိုပါခရီးစဉ်အတွင်း ရွှေ တိဂုံစေတီတော်နှင့် ကျိုက်ထီးရိုး ဆံတော်ရှင်တို့ကိုလည်း ဆရာ တော်က ဖူးမြော်ခဲ့သည်။

‘‘ဆရာတော်မှာ ထူးခြားမှု တွေ ရှိကိုရှိရမယ်။ သမာဓိကောင်းတဲ့ ဆရာတော်ဖြစ်တယ်ဆိုတာ သက်သေဖြစ်သွားတာ။ မတွေ့ရင်(သို့မဟုတ်)ကလေးတစ်ဦးဦး သေရင် မလွယ်ဘူး’’

ထိုင်းနိုင်ငံအခြေစိုက်ပြီး လူ ငယ် ၁၃ ဦးပျောက်ဆုံးနေသော သတင်းကို လူမှုကွန်ရက်မှတစ် ဆင့် အဆက်မပြတ် တင်နေခဲ့ သည့် Social Action for Childrenand Women-SAW ဒါရိုက်တာ ဒေါ်အေးအေးမာက မှတ်ချက်ပြု သည်။ ထိုင်းလူမျိုးများအကြား တွင်လည်း မိုင်းဖုန်းဆရာတော်၏ ဂုဏ်သတင်းအကြောင်း ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်နေ သည်။ 

‘‘ဆရာတော်ကို ကျွန်မတို့ ထိုင်းလူမျိုးတွေလည်း ကိုးကွယ် ကြတယ်။ အခု ထိုင်းကလေး ၁၃ ယောက်ကိစ္စကတော့ အတော်ထူး ခြားတယ်။ မိန့်သွားတာကို ကျွန်မ တို့မယုံရဲ၊ ယုံရဲနဲ့ စောင့်ကြည့်နေရ တာပေါ့။ အချိန်တွေကြာလာတာ နဲ့အမျှ ဘာတွေဖြစ်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။ ကယ် ဆယ်ရေးတွေ ဘယ်လောက်ကြိုး စားပေမယ့်လည်း အခက်အခဲတွေနဲ့ဆိုတော့ ကံတရားကိုပဲ ယုံကြည် နေရတာ အားတော့မရှိတော့ဘူး။ အဲဒီအချိန် ဆရာတော်က အားလုံး အသက်ရှိသေးတယ်။ ပြန်လာမယ်ဆိုပြီးမိန့်ကြားတာဟာ ကျွန်မ တို့အတွက်တော့ တစ်အားပေါ့။ အခု ဆရာတော်ပြောတဲ့အတိုင်း ကလေးတွေ ဘာမှ မဖြစ်တာတွေ့ တော့ ဆရာတော်အပေါ် ယုံကြည်မှုတွေ ပိုဖြစ်လာတယ်’’ ဟု ထိုင်း နိုင်ငံသူ ဖိနွတ်က ပြောသည်။ 

တာချီလိတ်မြို့နှင့် နယ်ချင်း ထိစပ်နေသော မယ်ဆိုင်မြို့သည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ပါဝင်ကာ ရှမ်း၊ လားဟူ၊ အခါတိုင်းရင်း သားများလည်း နေထိုင်ပြီး မိုင်းဖုန်းဆရာတော်အား အထူးယုံကြည် ကိုးကွယ်သူများပြားသည်။ 

‘‘ကျွန်မတို့ ချင်းရိုင်နယ်က လူတွေက ဆရာတော်ကို ကြည်ညိုတယ်။ ဆရာတော်ပြောရင်၊ မိန့် ရင် အားလုံးဖြစ်နိုင်တယ်လို့ ယုံ ကြည်ထားတာ။ အခု ထိုင်းကလေးတွေ ပျောက်နေတဲ့ကိစ္စမှာ ဆရာ တော်ကြီး မေတ္တာပို့ပေးရင် ကလေးတွေ ပြန်လာနိုင်မှာပဲလို့ ယုံကြည်နေခဲ့တာ’’ဟု ထိုင်းနိုင်ငံ ချင်းရိုင်မြို့နေ ရှမ်းတိုင်းရင်းသူ နန်းကင်ခမ်းက ဆိုသည်။ 

ထိုင်းလူငယ်များ ဂူအတွင်း ဝင်ပြီးသွားသည့်နေ့ကစ၍ မယ် ဆိုင်မြို့တွင် နေ့စဉ် မိုးကောင်း နေရာ ရှာဖွေကယ်ဆယ်ရေး ထင် တိုင်းမပေါက်ဖြစ်နေခဲ့သည်။ သို့ သော် ဂူသို့ မိုင်းဖုန်းဆရာတော် ပထမအကြိမ် ကြွရောက်လာ သည့် နေ့က စ၍ မိုးအားလျော့သွား ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း စဉ်များ အရှိန်မြှင့်လုပ်ဆောင်နိုင် ခဲ့သည်။ ယင်းအခြေအနေအပေါ် မယ်ဆိုင်မြို့ရှိ ထိုင်းနှင့် မြန်မာများ က အံ့သြဘနန်းဖြစ်နေသည်။ မိုးတားရန် ဆရာတော်အား ထိုင်း တာဝန်ရှိသူအချို့က ပင့်ဖိတ်ခြင်း ဖြစ်သည်ဟု ယင်းနေရာတွင်ရောက်ရှိနေသော မြန်မာအချို့က ပြောသည်။ ဂူဆီသို့ ကြွရောက်ရာ တွင် ဆရာတော်စီးလာသည့် ကား နံပါတ်သည် ဂဏန်းအားလုံးပေါင်းပါက ၁၃ ရသည့် ၉၀၁၃ ဖြစ်ပြီး ပျောက်ဆုံးလူငယ်အရေ အတွက်နှင့် တူညီနေသော ယင်းဂဏန်းပါကားကို ဆရာတော်က တမင်စီးလာခြင်း ဖြစ်သည်ဟု ထိုင်းတို့က ယုံကြည်နေသည်။ ဇွန်လ ၃၀ ရက်က ဂူသို့ နောက်တစ်ကြိမ်လာ ရောက်၍ မေတ္တာပို့ အမျှဝေနေစဉ် ကြက်တစ်ကောင် နှင့် ဝက်တစ်ကောင် ဂူအနားလာ ရောက်ခဲ့သည်ကိုလည်း သဘာဝလွန်သုံးသပ်ချက်အချို့ အပါအ ဝင် လူပြောများခဲ့သည်။ ဆရာ တော်ဓာတ်ပုံပါသည့် လည်ဆွဲများ သည် ယခင်ကထက် ဈေးကြီးပြီး 

ထိုင်းလူထုအတွင်း ရောင်းမ လောက်အောင် ဖြစ်နေသည်ဟု ထိုင်းရောက် မြန်မာများက ဆို သည်။ 

‘‘ထိုင်းကလေးတွေ ကိစ္စမှာ ကျွန်မတို့တိုင်းပြည်က ဆရာတော် ကြီးကြွလာတယ်ဆိုတော့ ထိုင်း တွေကလည်း အတော်လေးစား တာပဲဆိုတာ သိလိုက်ရတယ်။ ဆရာတော်မိန့်တဲ့ ကလေးတွေကို နှစ်ရက်လောက်အတွင်းမှာ ပြန် တွေ့မယ်ဆိုတာကို သိပ်မယုံခဲ့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ လောက်တစ်ပတ်ကျော် ပျောက် နေတာလေ။ ပြီးတော့ ကယ်ဆယ် ရေးတွေတောင် ခက်ခဲနေချိန်မှာ သူတို့ ရေထဲမှာပဲ မျောသွားလေ သလား၊ ရေအောက်ပဲ ရောက် သွားသလား၊ တောထဲပဲ ဝင်သွား သလား။ ဘယ်လို့မှ မမှန်းနိုင်ဘူး။ သူတို့ အသက်မှ ရှိသေးရဲ့လားလို့ ကျွန်မက သံသယဝင်နေတာ။ ဒါ ပေမဲ့ အခု ပြန်တွေ့တယ်ဆိုတော့ ဆရာတော်ကြီးပြောတာ မှန်လိုက်တာဆိုပြီး အရမ်းကို အံ့သြမှုတွေ ဖြစ်ရတယ်’’ဟု မြန်မာရွှေ့ပြောင်း အလုပ်သမား ရှမ်းတိုင်းရင်းသူ နန်းထွေးမြင့်ကလည်း ပြောသည်။ မိုင်းဖုန်းဆရာတော်က ဇွန် လ ၄ ရက် ညနေ ၆ နာရီခန့်တွင် ဂူသို့ သုံးကြိမ်မြောက်အဖြစ် ထပ်မံကြွရောက်လာပြီး တစ်နာရီခန့် ကြာ မေတ္တာပို့အမျှဝေခဲ့သည်။ မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ ရှိ ဘုန်းတော်ကြီးကျောင်း တစ် ကျောင်းတွင် သီတင်းသုံးကာ ထိုင်းကလေးများ ဂူအပြင် မရောက်မချင်း မေတ္တာပို့အမျှဝေနေ မည်ဟု ဒေသတွင်း သတင်းများ ထွက်ပေါ်နေသည်။ 

မိုင်းဖုန်းဆရာတော်မိန့်ကြား ချက်သည် ထိုင်းဝန်ကြီးချုပ်ပရာ ယွတ်အပေါ်လည်း ရိုက်ခတ်ခဲ့ သည်။ နတ်ကိုးကွယ်ယုံကြည်မှုရှိ သော ဝန်ကြီးချုပ်အား သူယုံကြည် ကိုးကွယ်သူများ ဘယ်ရောက်နေသလဲဟု မီဒီယာများက မေးခွန်းထုတ်ခဲ့သည်ဟု ဒေါ်အေးအေးမာက ဆိုသည်။

လူငယ် ၁၃ ဦးကို ဂူပြင်ပ သို့ ပြန်ခေါ်နိုင်ရန် ကယ်ဆယ်ရေး သမားများက ဇူလိုင် ၄ ရက်ကစ၍ ကလေးငယ်များကို ရေကူး၊ရေ ငုပ်တတ်အောင် သင်ပေးနေ သည်။ မိုးတွင်းဖြစ်ပြီး ရှေ့တစ် ပတ်တွင် မိုးကောင်းလာရန်ရှိသ ဖြင့် ထိုမတိုင်ခင် ကလေးငယ်များ ကို အပြင်သို့ခေါ်ထုတ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

7Day

0 comments:

Post a Comment