မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးရှေ့နှင့် လစ်လပ်လျက်ရှိသော မင်းဘူး(စကု) မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၂) နယ်မြေအတွင်းရှိ ရပ်ကွက်(၅) ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄) အုပ်စု၊ စုစုပေါင်း ရပ်ကွက်ကျေးရွာအုပ်စု(၃၉) အုပ်စုနှင့် ကျေးရွာခွဲ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများအား ဇူလိုင်လ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထား၊ ကြေညာထားမည်ဖြစ်ပြီး လစ်လပ်လျက်ရှိသော မင်းဘူး(စကု) မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်၊ မဲဆန္ဒနယ်၊ အမှတ်(၂) နယ်မြေအတွင်း၌ ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၄) အုပ်စု၊ စုစုပေါင်း ရပ်ကွက်/ကျေးရွာ အုပ်စု(၃၉) အုပ်စုရှိပြီး မဲရုံပေါင်း (၉၆) ရုံနှင့် မဲဆန္ဒရှင်စာရင်း (၆၈၄၂၆) ဦးရှိကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ- အောင်မျိုးမြတ်( CJ)
Mizzima - News in Burmese
0 comments:
Post a Comment