Tuesday, October 30, 2018

အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များဖွင့်ချခဲ့သည့် ဝီကီလိခ် ထူထောင်သူက အီကွေဒေါသံရုံးကို တရားစွဲဆိုခဲ့ရာ ပယ်ချခံရ


အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များဖွင့်ချခဲ့သည့် လန်ဒန်မြို့ရှိအီကွေဒေါ သံရုံးတွင် ခိုလှုံနေသော ဝီကီလိခ် ထူထောင်သူ ဂျူလီယန်အက်ဆန့်က သံရုံးသည် ၎င်းအားအနေကျပ်အောင် စည်းကမ်းများထုတ်မှုဖြင့် အီကွေဒေါ တရားရုံးတွင် တရားစွဲဆိုခဲ့ရာ တရားရုံးက အမှုကို ပယ်ချလိုက်သည်။ 
အင်တာနက် အသုံးပြုခပေးရန်၊ ၎င်းမွေးထားသည့်ကြောင်ကို စောင့်ရှောက်ရန်၊ ရေချိုးခန်းကိုသန့်ရှင်းစွာအသုံးပြုရန် စသောစည်းမျဉ်းများသည် မစ္စတာအက်ဆန့်၏ ခိုလှုံသူဆိုင်ရာလွတ်လပ်ခွင့်ကိုချုပ်ချယ်သည့် အဓိပ္ပာယ်မျိုး မသက်ရောက်ကြောင်း တရားရုံးကဆုံးဖြတ်ကာ တရားစွဲဆိုမှုကို ပယ်ချလိုက်သည်။

မစ္စတာအက်ဆန့်၏ တရားရေး ကိုယ်စားလှယ်အဖွဲ့၏ အယူခံကိုလာမည့်ရက်ပိုင်းတွင် အထက်တရားရုံးက ဆက်လက်ကြားနာသွားရန်ရှိသည်။ 

မစ္စတာအက်ဆန့်ကမူ သံရုံးကထုတ်ပြန်သောစည်းကမ်းများသည် ၎င်း၏ အခြေခံရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များကို ချုပ်ချယ်ရာရောက်နေပြီး၊ သံရုံးကနေ ၎င်းထွက်သွားအောင် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။

မစ္စတာအက်ဆန့်သည် လန်ဒန်မြို့ရှိ အီကွေဒေါသံရုံးတွင် လွန်ခဲ့သောခြောက်နှစ်ကတည်းက ခိုလှုံနေခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်အစိုးရ၏ လျှို့ဝှက်ချက်များဖွင့်ချမှုဖြင့် ဝီကီလိခ် ဝက်ဘ်ဆိုက် ထူထောင်သူ မစ္စတာအက်ဆန့်ကို အမေရိကန်အစိုးရကလည်း အလိုရှိနေသည်။ မစ္စတာအက်ဆန့်ကို ဖမ်းဆီးရေးသည် ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည်ဟု အမေရိကန် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်ကလည်း ပြောကြားထားသည်။ 

အီကွေဒေါ ရှေ့နေချုပ် အင်နီဂိုဆယ်ဗာဒါက စည်းကမ်းချက်များကို လိုက်နာသရွေ့ သံရုံးတွင် မစ္စတာအက်ဆန့် အကန့်အသတ်မရှိ ဆက်လက်နေထိုင်နိုင်ကြောင်း ဆိုထားသည်။ သံရုံးတွင် မစ္စတာအက်ဆန့်ကို လက်ခံ စောင့်ရှောက်ထားရခြင်းအတွက် အီကွေဒေါသည် ဒေါ်လာခြောက်သန်းခန့် ကုန်ကျခဲ့ပြီးဖြစ်သည်။ 


Myanmar Time

0 comments:

Post a Comment