ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့အထွက် ရန်ကုန်မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၀/ ၄ နှင့် ၁၀၀/ ၅ ကြား လေပြင်ဆိပ်တံတားအနီး၌ ယနေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က အမည်မသိအမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၀/၄ နှင့် ၁၀၀/ ၅ ကြား မြို့မ (၅)ရပ်ကွက် လေပြင်ဆိပ်တံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ညောင်လေးပင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အမည်နေရပ်လိပ်စာ (စုံစမ်းဆဲ)အသက် (၅၀) နှစ်ခန့်ရှိ အပြာနုရောင် ဂျင်းဘောင်ဘီ အရှည်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် တောင်ဘက်သို့ ဦးခေါင်းတည်လျက် ပက်လက်အနေအထားဖြင့် ဦးခေါင်းခွံကွဲကြေဒဏ်ရာ၊ ဝမ်းဗိုက်ပိုင်းကွဲကြေဒဏ်ရာ ၊ ညာဘက်ပေါင်ရင်းပြတ်ဒဏ်ရာ စသည့် ကားကြိတ်ဒဏ်ရာများဖြင့် ကားလမ်းအလယ်တွင် သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းရဲမှ တ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင် သူ (အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) ယာဉ်မောင်းအား ညောင်လေးပင်မြို့မရဲစခန်းက ယာဉ် (ပ) ၃၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကာ စုံစမ်းလျက်ရှိကြောင်းသိရသည်။
MUNA
0 comments:
Post a Comment