Wednesday, October 31, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းများ လုပ်ဆောင်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်းများ လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၂၀ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၁)၊ အောင်သပြေ နယ်မြေရုံး ကွပ်ကဲမှုအောက် မှတ်တိုင်(၅၁)ခွဲကင်း စခန်းမှ ဒုတိယရဲအုပ် ညွန့်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်(၂၀)ဦး၊ စကားပြန်(၁)ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Panchari ကင်းစခန်းမှ စခန်းမှူး Naib Subedar Md. Salim Miah ဦးစီးသည့်(၂၀)ဦး၊ စကားပြန်/လမ်းပြ(၃)ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် (၅၁/၅)မှ (၅၂) ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

The Ladies News

0 comments:

Post a Comment