Wednesday, October 31, 2018

အယ်လ်ဇိုင်းမားရောဂါ၏ ဖြစ်စဉ်အဆင့်ဆင့်


ဦးနှောက်နဲ့ အာရုံကြောဆဲတွေ လျော့လျဲပျက်စီးစေတဲ့ ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါ ဘယ်လိုပျံ့နှံ့ ကူးစက်နိုင်သလဲဆိုတာကို Standford တက္ကသိုလ်ပညာရှင်တွေက ကွန်ပျူတာနဲ့ ပုံဖော်လေ့လာကြည့်နိုင်ခဲ့ပါတယ်။ 
နှစ်ပေါင်း ၃၀ လောက်အတွင်းမှာ ပုံပျက်လာတဲ့ ပရိုတိန်းတွေ ဦးနှောက်ထဲမှာ ပျံ့နှံ့လာပုံတွေ တခါတရံ ကိုယ်ယောင်ဖျောက်နေပုံတွေကို တွေ့ခဲ့ပါတယ်။ 

ယိုယွင်းလာတဲ့ ပရိုတိန်းတွေက စုဝေးလာပြီး လူ့မှတ်ဉာဏ်ကို ပျက်စီးစေတဲ့ ပလိပ်ပြားချပ်တွေ ဖြစ်လာစေပုံကို လိမ္မော်ရောင်နဲ့ ပုံဖော်ထားပါတယ်။ 

အင်္ဂလိပ်စာလုံး T ပုံစံပရိုတိန်းတွေက ဦးနှောက်ကို ၀ိုင်းရံလာပုံတွေကိုတော့ အပြာရောင်နဲ့ သရုပ်ဖော်ပြပါတယ်။ 

ကွန်ပျူတာနဲ့ ပုံဖော်ကြည့်ဖို့ အချက်အလက်တွေကိုတော့ အယ်လ်ဇိုင်းမား ပါကင်ဆန်ရောဂါတွေကြောင့် သေဆုံးခဲ့တဲ့သူတွေရဲ့ ဦးနှောက်အပိုင်းအစ ဖြတ်ပိုင်းပုံတွေကို အခြေခံပါတယ်။ 

Standford တက္ကသိုလ်က ပညာရှင် Ellen Kuhl ကတော့ အာရုံကြောဆဲလ်တွေ ပျက်စီးလာတဲ့ အဆင့်ဆင့်ကို ပုံဖော်ကြည့်နိုင်ခြင်းအားဖြင့် ရောဂါလက္ခဏာရှာဖွေတာတွေ ပိုသေချာလာနိုင်မယ့်အပြင် ဒီရောဂါကို ထိန်းထားနိုင်မယ့် ကုသနည်းတွေ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။ 

ခုလိုကွန်ပျူတာနဲ့ ပုံဖော်ကြည့်ရာမှာ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတွေကို အဓိကထားပေမယ့် ဦးနှောက်ထဲက ပရိုတိန်းဓာတ်တွေ ယိုယွင်းပျက်စီးလာစေတဲ့ တခြားရောဂါတွေအတွက်လည်း အကူအညီရနိုင်မယ်လို့ ပညာရှင်တွေက မျှော်လင့်ပါတယ်။

DVB

0 comments:

Post a Comment