Wednesday, October 31, 2018

အောင်ရဲ​ထွေး​အမှု ဖြစ်ပွားခဲ့နေရာ၌ ကျော်ဇောဟန်​ကို​ တွေ့ရှိခဲ့ခြင်းမရှိဟု လိုပြသက်သေထွက်ဆို


သရုပ်ဆောင် အောင်ရဲ​ထွေး​ အရိုက်ခံရတဲ့ Space Party ဂိတ်​မှာ ​ကျော်ဇောဟန်​(ခ)​ ကျော်​​ဇောကို​ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ တရားလိုပြသက်​​​သေ ​The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းက တရားရုံးမှာ ထွက်ဆိုပါတယ်။ 
ဟာသသရုပ်​​ဆောင် ​​အောင်​ရဲ​ထွေး အသတ်ခံရမှုမှာ သန်းထွဋ်​​အောင်​ပါ ၃ ဦးကို အောက်တိုဘာ ၃၀ ရက်က ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​တရားရုံးမှာ တတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ 

ရုံးချိန်းမှာ​ လိုပြသက်​​သေနှစ်​ဦးဖြစ်တဲ့ The One Entertainment ကလပ်မန်နေဂျာ ကိုဇော်သီဟထွန်းနဲ့ အထွေထွေသန့်ရှင်းရေးတာဝန်ခံ ကိုနိုင်နိုင်ထွန်းတို့ကို စစ်ဆေးခဲ့ပါတယ်။ 

သက်သေတွေရဲ့ ထွက်ဆိုချက်အရ အခင်းဖြစ်​တဲ့ညက စွပ်​စွဲခံထားရသူ ​ကျော်​​ဇောဟန်​(ခ)​ ကျော​ဇောကို တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ကို​ဇော်​သီဟထွန်းက တရားရုံးမှာ ​ထွက်​ဆိုခဲ့တဲ့အပြင် အခင်းဖြစ်​ညမှာ ဖမ်းမိသူနှစ်​ဦးဟာ သန်းထွဋ်​​အောင်​(ခ)သားကြီးဖြစ်​ပြီး ကျန်​တစ်​​ယောက်​ရဲ့ အမည်​ကို မသိဘူးလို့ ထွက်​ဆိုခဲ့ပါတယ်။ 

သရုပ်​​ဆောင်​​အောင်​ရဲ​ထွေးဟာ ပြီးခဲ့တဲ့နှစ် ဇန်​နဝါရီ ၁ရက်​​နေ့က The One Entertainment ကို ရည်းစားဖြစ်သူ မပွင့်​​ကေခိုင်နဲ့အတူ ရောက်ရှိခဲ့ပြီး ခိုက်ရန်ဖြစ်ပွား ဝိုင်းဝန်​ထိုးကြိတ်​ခံခဲ့ရကာ ရန်​ကုန်​​ဆေးရုံကြီး​မှာ အတွင်းလူနာအဖြစ်​​ဆေးကုသမှု ခံယူခဲ့ပြီး ဇန်​နဝါရီ ၂ရက်​မှာ ရရှိတဲ့ ဒဏ်​ရာတွေနဲ့ သေဆုံးသွားတာပါ။ 

လက်​ရှိမှာ​ ပြစ်​မှုကျူးလွန်​သူလို့ စွပ်​စွဲခံထားရတဲ့ သန်းထွဋ်​​အောင်​(ခေါ်)သားကြီး၊​ အောင်​​လေးနဲ့ ကျော​ဇော(ခေါ်)​ကျော်​ဇောဟန်​တို့ သုံးဦးကို ရာဇသတ်​ကြီးပုဒ်​မ ၃၀၂နဲ့ အဖွင့် တရားစွဲဆို ထားပါတယ်။ နောက်တကြိမ် ​ရုံးချိန်းကို လာမယ့် နိုဝင်​ဘာ ၆ရက်​မှာ ပြန်​လည်​ချိန်းဆိုထားပါတယ်။

DVB

0 comments:

Post a Comment