ဖားကန့်ဒေသတွင် မြေစာပုံအားမှီခိုနေရသည့် လုပ်ငန်းထက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များရရှိရေးအတွက် ဖန်တီးပေးရမည်ဖြစ်ပြီး ဂုဏ်သိက္ခာရှိသည့် အလုပ် အကိုင်မျိုး ဖြစ်ရန်လည်းလိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/ ၂၀၁၈) တွင် ပြည်ထောင်စု ၀န်ကြီးက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
ဖားကန့်ဒေသသည် တရားဥပဒေစိုးမိုးမှု လိုအပ်သော ဒေသဖြစ်ကြောင်း၊ ဖားကန့်ဒေသတွင် နိုင်ငံအနှံက လာရောက် သောရွှေ့ပြောင်းလုပ်သားများရှိကြောင်း၊ ယင်း ဒေသတွင် မူးယစ်ဆေးဝါးသုံးဆွဲမှုမျာြး ပားကြောင်း၊ ထို့ကြောင့် လူမှုဒုက္ခများ၊ ရာဇဝတ်မှုများထူပြောလျက်ရှိေ ကြာင်း၊ ထိုရွှေ့ပြောင်း လုပ်သားများသည် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူဦးရေ များပြားလျက်ရှိကြောင်း၊ လူမသေသော်လည်း ဘဝသေနေကြသည့် သူများများပြားနေကြောင်း၊ HIV/ AIDS၊ အသဲရောင်အသားဝါနှင့် နာတာရှည်ရောဂါများလည်းဖြစ်ပွားလျ က်ရှိသည်။
ထို့အတူ ကလေးသူငယ်များ၏ ကျန်းမာရေး/ ပညာရေး ထိခိုက်လာပြီး၊ ဆောင်ရွက်စရာကိစ္စရပ်များများစွာ ပေါ်ပေါက် လာကြောင်း၊ ထိုကြောင့်လည်း လုပ်ငန်းအဖွဲ့ခွဲများဖွဲ့စည်းပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြေစာပုံများကြောင့် ဥရုချောင်းတိမ်ကောလာခြင်း၊ ချောင်း လက်တက်များပိတ်ဆို့လာခြင်း၊ နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခြင်းစသည့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့နေရ သည်။
ဖားကန့်ဒေသသည် သဘာဝဘေးနှင့် လူလုပ်ဘေးသင့်သည့် ဒေသဟုပြော၍ရကြောင်း၊ ထို့ကြောင့်လည်း ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့တွင် “ဖားကန့်ဒေသရှိရွှေ့ပြောင်း အလုပ်သမားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ခွဲ (၆) ဖွဲ့” ဖွဲ့စည်းပေးခဲ့သည်။
လုပ်ငန်းအဖွဲ့၏တာဝန်တွင်ရွှေ့ ပြောင်းအလုပ်သမားများ၏ မိသားစုများ၊ ထိခိုက်လွယ်အုပ်စုများ (ဥပမာ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အို များ)အတွက် အခြေအနေအဆင့် အတန်း တစ်ခုရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဂုဏ်သိက္ခာရှိသည့် အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ထိရောက်စွာပူးပေါင်းဆောင်ရွ က်ခြင်းဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန် နိုင်စွမ်း ရှိသောလူမှု အသိုက်အဝန်းနှင့် ဂုဏ်သိက္ခာရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်စေရန် ဆောင်ရွက်ပေး ရမည်ဖြစ်သည်။
ပြန်လည်ထူထောင် ရေးတွင် အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် မြေယာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ မြေလွတ်မြေလပ်မြေရိုင်းများ တွင် အခြေချနေထိုင် နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခြင်း များဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ စီမံခန့်ခွဲပေးသွားမည် ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရာတွင် ပြဿနာအရှိဆုံး မူးယစ်ဆေးဝါးကိစ္စ၌ မူးယစ်ဆေးဝါးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွင် အလုပ်အကိုင်အခွင့်အရေးရရှိေ ရးသည် ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
The Ladies News
0 comments:
Post a Comment