Wednesday, October 31, 2018

IPHONE မလုံခြုံရင် HUAWEI ဖုန်းသုံးဖို့ ထရမ့်ကို တရုတ်တိုက်တွန်း


iPhone သုံးနေတဲ့ အမေရိကန်သမ္မတထရမ့်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ရုရှားနဲ့ တရုတ်စပိုင်တွေဘက်က ကြားဖြတ်နားထောင်နို င်တယ်ဆိုတဲ့ အစီရင်ခံစာ တက်လာပြီးနောက် iPhone အစား Huawei ဖုန်းပြောင်းသုံးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ အကြံပြုခဲ့ပါတယ်။
The New York Times သတင်းအရ သမ္မတထရမ့်ဟာ လုံခြုံမှုမရှိတဲ့ iPhone ကို သုံးပြီး မိတ်ဆွေဟောင်းတွေနဲ့ ဖုန်းပြောနေတယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ လုံခြုံရေးအရ စိတ်မချရတောကြောင့် တရုတ်နဲ့ ရုရှားဘက်က သူလျှိုတွေကနေ ဝင်ရောက် နားထောင်နိုင်မယ်လို့ လည်း ဖော်ပြခဲ့တာပါ။ ဒီအစီရင်ခံစာ ထွက်လာပြီးနောက် တရုတ်ဘက်မှ အာဏာပိုင်တစ်ဦးက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

"တကယ်လို့ iPhone က နောက်ယောင်ခံနိုင်လို့ စိတ်ပူနေကြတယ်ဆိုရင် Huawei ဖုန်းတွေ ပြောင်းသုံးနိုင်ပါတယ်" လို့ တရုတ်နိုင်ငံခြားရေးရာ သတင်းအချက်အလက် ဝန်ကြီးဌာန ဒုညွှန်မှူး ဟွာချွန်းယင်းက တုန့် ပြန်ခဲ့ပါတယ်။ တကယ်တမ်းမှာတော့ သမ္မတထရမ့်ဟာ Huawei နဲ့ ZTE အပါအဝင် တရုတ်မှ နည်းပညာထုတ်ကုန်များကို အစိုးရဌာနတွေမှာ ဝယ်ယူခွင့် ပိတ်ပင်ထားတဲ့ NDAA ကာကွယ်ရေးအက်ဥဒေမှာ လက်မှတ်ရေးထိုးထားတာပါ။

ဟွာချွန်ယင်းဟာ တရုတ်နိုင်ငံခြားရေးဌာနရဲ့ တရားဝင် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပြီး တရုတ်ဘက်မှ ထရမ့်ရဲ့ဖုန်းပြောဆိုမှုတွေကို ထောက်လှမ်းမှု မလုပ်ဘူးလို့ လည်း ငြင်းဆန်းခဲ့ပါတယ်။ ဒါ့အပြင် The New York Times ရဲ့ ရေးသားချက်ကိုလည်း သတင်းတုအဖြစ် ဖြုတ်ချပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Times သတင်းမှာလည်း တရုတ်နဲ့ ရုရှားဘက်မှ စပိုင်တွေအနေနဲ့ သမ္မတထရမ့်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြားဖြတ်နားထောင်နေတာကို အမေရိကန်ထောက်လှမ်းရေးတွေမှ သိထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီသတင်းမှာပဲ တရုတ်အနေနဲ့ သမ္မတရဲ့ ဖုန်းခေါ်ဆိုမှုတွေကနေ ကုန်သွယ်ရေးစစ်အရှိန်တက်မှုကို ကာကွယ်ဖို့ သုံးနေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်သတင်းတွေမှာတော့ သမ္မတထရမ့်ဟာ Samsung Galaxy S3 ကို သုံးရာကနေ လုံခြုံရေးအရ iPhone ပြောင်းကိုင်တော့မယ်လို့ အိမ်ဖြူတော်မှ လူမှုကွန်ရက်အကြီးအကဲ ဖြစ်သူ ဒန်ဆကာဗီနို ဂျူနီယာမှ အတည်ပြုခဲ့ပါတယ်။ အခုချိန်မှာ သမ္မတထရမ့်အနေနဲ့ iPhone မဟုတ်ရင် ဘယ်ဖုန်းကိုင်မလဲ စဉ်းစားစရာ ဖြစ်နေမှာပါ။


Duwun

0 comments:

Post a Comment