Wednesday, October 31, 2018

သံမဏိအသုံးပြုဆောက်သည့် အထပ်မြင့် M-Tower တည်ဆောက်မှု ရာနှုန်းပြည့်နီးပါး ပြီးစီး


မြန်မာနိုင်ငံတွင် အုတ်နှင့် ကွန်ကရစ်မသုံးဘဲ သံမဏိ (Steel Structure သုံး) ဖြင့်သာ ပထမဆုံးဆောက်လုပ်သည့် M-Tower စီမံကိန်းသည် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း MOTTAMA DEVELOPMENT Group Co.,Ltd. ထံမှ သိရသည်။ 
အဆိုပါအဆောက်အအုံကို ကမာရွတ်မြို့နယ် ပြည်လမ်းရှိ လှည်းတန်းစင်တာဘေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး နောက်ဆုံးသံဘောင်တပ်ဆင်ပြသခြင်းကို M Tower အပေါ်ဆုံး ၂၆ လွှာတွင် အောက်တိုဘာလ ၃၀ ရက်က ပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် ကတည်းကမှစတင်ကာ Steel Structure ဖြင့် စတင်တည်ဆောက်ခဲ့ပြီး အစပိုင်းက စက်ရုံ၊ သိုလှောင်ရုံ စသည်တို့ကို Steel Structure ဖြင့် အများဆုံးအသုံးပြုတည်ဆောက်လာခဲ့ပြီး နောက်ပိုင်းတွင် ဈေးဝယ်စင်တာ၊ ရုံးအဆောက်အအုံ၊ လူနေအိမ်ရာနှင့် Mixed Used စီမံကိန်းဇုန်များ စသည်ဖြင့် ဆောက်လုပ်လာကြသည်။ 

M-Tower စီမံကိန်းနှင့် သံမဏိအထပ်မြင့်အဆောက်အအုံ တည်ဆောက်တပ်ဆင်မှုဆိုင်ရာ ပြသခြင်းအပြင် M-Tower ဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည့် Steel Structure နှင့် ပတ်သက်သည့် ဗဟုသုတဆွေးနွေးပွဲကို Novotel Yangon Max တွင် ကျင်းပပြုလုပ်ခဲ့သည်။

The Voice

0 comments:

Post a Comment