Wednesday, October 31, 2018

ဗန်းမော်မြို့တွင် ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား


ဗန်းမော်မြို့တွင် ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။ 
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက် “ဟန်နီ” လက်ဖက်ရည်ဆိုင်၌ ဝါယာရှော့ခ်ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အလုပ်သမားအိပ်ဆောင် ၁ လုံး၊ ရတနာ့ဂုဏ်ရည် သမဝါယမအသင်း ဆိုင်ခန်း ၁ ခန်း၊ နေအိမ်အပေါ်ထပ် (၂၀×၁၆)ပေရှိ မျက်နှာကျက် အုတ်ခံပြားများ မီးလောင်ဆုံးရှုံးခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် "ဟန်နီ" လက်ဖက်ရည်ဆိုင်မန်နေဂျာ ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်နေ ပြည့်ဖြိုးနိုင်(၂၄)နှစ်အား ဗန်းမော်မြို့မရဲစခန်းမှ အရေးယူ ထားကြောင်း သိရသည်။ 

The Ladies News 

0 comments:

Post a Comment