Wednesday, October 31, 2018

လျှော်ကြေးတောင်းဖို့ ဆုံးဖြတ်တဲ့ တောင်ကိုရီးယား တရားရုံးအမိန့်ကို ဂျပန် တုံ့ပြန်မယ်



စစ်အတွင်းက အလုပ်သမားများဆိုင်ရာ အမှုအပေါ် တောင်ကိုရီးယား တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အမိန့်ဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘဲ တုံ့ပြန်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ပြောလိုက်ပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းက သံမဏိစက်ရုံတွေမှာ အဓမ္မ အလုပ်စေခိုင်းခံခဲ့ရတယ်ဆိုတဲ့ ကိုရီးယား အလုပ်သမားဟောင်း လေးဦးကို နိပွန် စတီးလ်နှင့် ဆုမိမိုတို သတ္တု ကုမ္ပဏီက လျော်ကြေးငွေ ပေးဖို့ တောင်ကိုရီးယား တရားရုံးချုပ်က အမိန့်ချခဲ့တာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမိန့်ချမှတ်မှုဟာ အလွန့်အလွန် စိတ်မကောင်းဖွယ်ရာဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယားအကြား ၁၉၆၅ ခုနှစ် သဘောတူညီချက်ကို လုံးဝဆန့်ကျင်ရာ ရောက်တယ်လို့ မစ္စတာ ကိုနိုက ပြောပါတယ်။ လျော်ကြေးငွေ ရပိုင်ခွင့်နဲ့ ပတ်သက်တဲ့ကိစ္စကို သဘောတူညီချက်မှာ ဖြေရှင်းထားပြီး ဖြစ်တယ်လို့လည်း ဂျပန်အစိုးရက ပြောပါတယ်။

MCN

0 comments:

Post a Comment