Wednesday, October 31, 2018

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး တပ်ဖွဲ့က ပင်လောင်း၊ ဟိုပုန်း၊ ဆီဆိုင်၊ ကလော၊ ဖယ်ခုံမြို့နယ်တို့၌ ဘိန်းခင်းများအား ဖျက်ဆီးနိုင်ခဲ့



အောက်တိုဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်မှ ညနေ ၄ နာရီ ၅ မိနစ်အချိန်ထိ ပင်လောင်းမြို့နယ်၊ တောင်လေးကျေးရွာ အနောက်မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခွဲရှိ ဘိန်းစိုက်ခင်း(၂၁)ဧကခန့်အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီး ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 
အလားတူ ၀၈၄၅ မှ ၁၆၃၀ နာရီထိ ဟိုပုန်းမြို့နယ်၊ ပန်းခက်ကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၈ လက်မခန့်ရှိ ဘိန်းစိုက်ခင်း(၁၉)ဧကခန့်အား ဟိုပုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုဦး ဦးစီးပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ၀၉၃၀ မှ ၁၆၀၀ နာရီထိ ဆီဆိုင် မြို့နယ်၊ ထီလုံးဆူကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၂)ဧကခန့်အား ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သီဟန် ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီး ရှင်းလင်းခဲ့ကြောင်း၊ ၁၃၂၀ မှ ၁၆၄၅ နာရီထိ ကလောမြို့နယ်၊ စလုံးတောင်ကျေးရွာ အနောက် တောင်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၃ လက်မခန့်ရှိ ဘိန်းစိုက်ခင်း(၃.၅)ဧကခန့် အား ကလော မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ 


ထို့အတူ ၁၃၀၀ မှ ၁၆၀၀ နာရီထိ ဖယ်ခုံမြို့နယ်၊ လတိန်ကျေးရွာ တောင်ဘက် ၁ မိုင်ခန့် အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း (၈)ဧကခန့်အား ဖယ်ခုံမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေ ဦးစီး ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း၊ ၁၄၂၀ မှ ၁၆၀၀ နာရီထိ ဖယ်ခုံမြို့နယ်၊ ငုပလိုငံ ကျေးရွာ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၁၁)ဧကခန့်အား ဖယ်ခုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းနိုင် ဦးစီးပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်း ခဲ့ကြောင်း သိရသည်။ 

The Ladies News

0 comments:

Post a Comment